႐ိုက္တာ သတင္းေထာက္အမႈ အရပ္သား ထြက္ဆိုခ်က္ ရဲနဲ႔ ကြဲလြဲ

0
864

႐ိုက္တာ သတင္းေထာက္ ႏွစ္ေယာက္ အဖမ္းခံရတဲ့အမႈမွာ ဖမ္းဆီးတဲ့ေနရာနဲ႔ ပတ္သက္လို႔ အရပ္သားတစ္ဦး သက္ေသထြက္ဆိုခ်က္က အရင္ ရဲက ထြက္ဆိုထားတာနဲ႔ ကြဲလြဲေနပါတယ္။

သတင္းေထာက္ ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ကို မေန႔က ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔မွာ ႐ံုးထုတ္ၿပီး အရပ္သား သက္ေသကို စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ သက္ေသထြက္ဆိုသူက သတင္းေထာက္ေတြကို ဖမ္းဆီးစဥ္ ရဲနဲ႔ အတူရွိေနတဲ့ ဦးဝင္းလြင္ဦး (၅၀ ႏွစ္) ျဖစ္ပါတယ္။

ရဲနဲ႔ အရပ္သား သက္ေသ ထြက္ဆိုခ်က္မွာ ဖမ္းဆီးတဲ့ ေနရာ ကြဲလြဲမႈေတြ ရွိေနပါတယ္။ ႐ိုက္တာ သတင္းဌာနက ေရးသားတဲ့ အင္းဒင္ လူသတ္မႈ ေဆာင္းပါးကို သက္ေသတင္ေပမယ့္ တရား႐ံုးက ပယ္ခ်ခဲ့ေၾကာင္းလည္း ကိုဝလံုးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက်အမှု အရပ်သား ထွက်ဆိုချက် ရဲနဲ့ ကွဲလွဲ

ရိုက်တာ သတင်းထောက် နှစ်ယောက် အဖမ်းခံရတဲ့အမှုမှာ ဖမ်းဆီးတဲ့နေရာနဲ့ ပတ်သက်လို့ အရပ်သားတစ်ဦး သက်သေထွက်ဆိုချက်က အရင် ရဲက ထွက်ဆိုထားတာနဲ့ ကွဲလွဲနေပါတယ်။

သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မနေ့က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရုံးထုတ်ပြီး အရပ်သား သက်သေကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ သက်သေထွက်ဆိုသူက သတင်းထောက်တွေကို ဖမ်းဆီးစဉ် ရဲနဲ့ အတူရှိနေတဲ့ ဦးဝင်းလွင်ဦး (၅၀ နှစ်) ဖြစ်ပါတယ်။

ရဲနဲ့ အရပ်သား သက်သေ ထွက်ဆိုချက်မှာ ဖမ်းဆီးတဲ့ နေရာ ကွဲလွဲမှုတွေ ရှိနေပါတယ်။ ရိုက်တာ သတင်းဌာနက ရေးသားတဲ့ အင်းဒင် လူသတ်မှု ဆောင်းပါးကို သက်သေတင်ပေမယ့် တရားရုံးက ပယ်ချခဲ့ကြောင်းလည်း ကိုဝလုံးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)