ေမြးကင္းစ ကေလး ေသဆံုးမႈ အမ်ားဆံုးႏုိင္ငံထဲ ျမန္မာ ပါေန

0
1064

ကမာၻေပၚမွာ ေမြးကင္းစ ကေလး ေသဆံုးမႈ အမ်ားဆံုး ၁၃ ႏိုင္ငံထဲမွာ ျမန္မာႏိုင္ငံလည္း ပါဝင္ေနတယ္လို႔ ကုလသမဂၢ ကေလးမ်ား ရန္ပံုေငြအဖြဲ႔ (ယူနီဆက္ဖ္) ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္မွာ ေမြးကင္းစ ကေလး ၁၀၀၀ မွာ ၂၅ ဦးႏႈန္း ေသဆံုးေနတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ကမာၻေပၚမွာ အဆိုးဆံုး ေသဆံုးမႈကေတာ့ ေမြးကင္းစ ၂၂ ေယာက္မွာ တစ္ေယာက္ႏႈန္းနဲ႔ ဆင္းရဲၿပီး စစ္ပြဲေတြရွိေနတဲ့ ပါကစၥတန္ႏိုင္ငံမွာ ျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွ ႏုိင္ငံေတြထဲမွာေတာ့ လာအိုနဲ႔ ျမန္မာႏုိင္ငံက ေမြးကင္းစ ကေလး ေသဆံုးမႈ အျမင့္ဆံုး ျဖစ္ေနပါတယ္။

ႏိုင္ငံေပါင္း ၁၉၅ ႏိုင္ငံကို စစ္တမ္းေကာက္ခဲ့ရာမွာ ပ်မ္းမွ်အားျဖင့္ အဆင္းရဲဆံုးႏိုင္ငံမွာ ကေလး ၁၀၀၀ ေမြးလွ်င္ ၂၇ ဦး ေသခဲ့ၿပီး ခ်မ္းသာတဲ့ ႏိုင္ငံေတြမွာေတာ့ ၁၀၀၀ မွာ ၃ ဦးပဲ ေသဆံုးခဲ့တယ္လို႔ ဒီ ယူနီဆက္ဖ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွေးကင်းစ ကလေး သေဆုံးမှု အများဆုံးနိုင်ငံထဲ မြန်မာ ပါနေ

ကမ္ဘာပေါ်မှာ မွေးကင်းစ ကလေး သေဆုံးမှု အများဆုံး ၁၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်မှာ မွေးကင်းစ ကလေး ၁၀ဝ၀ မှာ ၂၅ ဦးနှုန်း သေဆုံးနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကမ္ဘာပေါ်မှာ အဆိုးဆုံး သေဆုံးမှုကတော့ မွေးကင်းစ ၂၂ ယောက်မှာ တစ်ယောက်နှုန်းနဲ့ ဆင်းရဲပြီး စစ်ပွဲတွေရှိနေတဲ့ ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာတော့ လာအိုနဲ့ မြန်မာနိုင်ငံက မွေးကင်းစ ကလေး သေဆုံးမှု အမြင့်ဆုံး ဖြစ်နေပါတယ်။

နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို စစ်တမ်းကောက်ခဲ့ရာမှာ ပျမ်းမျှအားဖြင့် အဆင်းရဲဆုံးနိုင်ငံမှာ ကလေး ၁၀ဝ၀ မွေးလျှင် ၂၇ ဦး သေခဲ့ပြီး ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ၁၀ဝ၀ မှာ ၃ ဦးပဲ သေဆုံးခဲ့တယ်လို့ ဒီ ယူနီဆက်ဖ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)