ဒုကၡသည္ ၁ သိန္းကို လူမေနတဲ့ကြ်န္းေပၚ ပို႔ထားဖို႔ ဘဂၤလားေဒ့ရွ္ လုပ္ေဆာင္ေန

0
388

ဘဂၤလား ပင္လယ္ေအာ္ထဲမွာရွိတဲ့ ရႊံ႕ႏြံထူထပ္ၿပီး လူမေနတဲ့ ကြ်န္းတစ္ခုေပၚမွာ မြတ္စလင္ ဒုကၡသည္ ၁ သိန္းကို ပို႔ထားဖို႔ လုပ္ေဆာင္ရာမွာ ဘဂၤလားေဒ့ရွ္ အစိုးရအဖြဲ႔အတြင္း အျငင္းပြားေနပါတယ္။

ေကာက္ဘဇားရွိ ဒုကၡသည္စခန္းေတြမွာ ဒုကၡသည္ေတြ ၇ သိန္းနီးပါး ရွိလာၿပီး ၾကပ္ညွပ္ေနတာကို ေျဖရွင္းဖို႔ အဲဒီကြ်န္းေပၚမွာ ယာယီ သြားထားမွာ ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ ဟာစီနာက ေျပာပါတယ္။ အဲဒီကြ်န္းဟာ ၁၉၉၉ ခုႏွစ္ကမွ စၿပီး ေပၚလာတာ ျဖစ္ပါတယ္။

ကြ်န္းေပၚေရာက္ရင္ ျမန္မာျပည္ကိုျပန္ရင္ျပန္၊ ဒါမွမဟုတ္ တတိယႏိုင္ငံတစ္ခုခုမွာ ခိုလံႈခြင့္ရရင္ရမွ အဲဒီကြ်န္းေပၚက ထြက္ခြာႏိုင္မွာ ျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ ဟာစီနာရဲ႕ အႀကံေပးတစ္ဦးက ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။ အဲဒီကြ်န္းေပၚမွာ ထားေပမယ့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကူး လက္မွတ္၊ ဒါမွမဟုတ္ ID ကတ္ေတာ့ ေပးမွာ မဟုတ္ဘူးလို႔လည္း သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည် ၁ သိန်းကို လူမနေတဲ့ကျွန်းပေါ် ပို့ထားဖို့ ဘင်္ဂလားဒေ့ရှ် လုပ်ဆောင်နေ

ဘင်္ဂလား ပင်လယ်အော်ထဲမှာရှိတဲ့ ရွှံ့နွံထူထပ်ပြီး လူမနေတဲ့ ကျွန်းတစ်ခုပေါ်မှာ မွတ်စလင် ဒုက္ခသည် ၁ သိန်းကို ပို့ထားဖို့ လုပ်ဆောင်ရာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့အတွင်း အငြင်းပွားနေပါတယ်။

ကောက်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ ၇ သိန်းနီးပါး ရှိလာပြီး ကြပ်ညှပ်နေတာကို ဖြေရှင်းဖို့ အဲဒီကျွန်းပေါ်မှာ ယာယီ သွားထားမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပြောပါတယ်။ အဲဒီကျွန်းဟာ ၁၉၉၉ ခုနှစ်ကမှ စပြီး ပေါ်လာတာ ဖြစ်ပါတယ်။

ကျွန်းပေါ်ရောက်ရင် မြန်မာပြည်ကိုပြန်ရင်ပြန်၊ ဒါမှမဟုတ် တတိယနိုင်ငံတစ်ခုခုမှာ ခိုလှုံခွင့်ရရင်ရမှ အဲဒီကျွန်းပေါ်က ထွက်ခွာနိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟာစီနာရဲ့ အကြံပေးတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ အဲဒီကျွန်းပေါ်မှာ ထားပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ်၊ ဒါမှမဟုတ် ID ကတ်တော့ ပေးမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)