
0
326




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ တပ်မတော်ခေါင်းဆောင်တွေကို ICC တင်ဖို့ ဗြိတိသျှ လွှတ်တော် အမတ်တွေ လှုံ့ဆော်

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ မြန်မာ တပ်မတော် ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) တင်ဖို့ ဗြိတိသျှ လွှတ်တော်အမတ်တွေက လှုံ့ဆော်နေပြီး နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင်ကိုလည်း ထောက်ခံပေးဖို့ တောင်းဆိုနေပါတယ်။

မွတ်စလင် ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ တပ်မတော် ခေါင်းဆောင်ပိုင်းကို စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာတင်ဖို့ လွှတ်တော်အမတ် ၁၀ဝ ကျော်က တိုက်တွန်းစာကို ဗြိတိသျှ အစိုးရထံ ပေးပို့ခဲ့တယ်လို့ အရှေ့အလယ်ပိုင်း အခြေစိုက် သည် နေရှင်နယ် သတင်းဌာနက ဖော်ပြပါတယ်။

ဗြိတိန်က မွတ်စလင် ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ အလှူငွေ ပေါင် ၅၉ သန်းအထိ ထောင်ပံ့ထားပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)