ရခိုင္ျပည္နယ္ ျပႆနာ ရွိေပမယ့္ ျမန္မာ့ ခရီးသြားလုပ္ငန္း ျမင့္တက္ဆဲ

0
879

မြတ္စလင္ ဒုကၡသည္အေရးနဲ႔ ပတ္သက္ၿပီး ျမန္မာကို ႏိုင္ငံတကာက ျပစ္တင္ ေဝဖန္မႈေတြ ရွိေပမယ့္ မႏွစ္က ၂၀၁၇ ခုႏွစ္မွာ ႏိုင္ငံျခားသား ခရီးသြား ၃ ဒသမ ၄၄ သန္း ဝင္ေရာက္တဲ့အတြက္ ၁၈ ရာခိုင္ႏႈန္း တိုးတက္လာပါတယ္။

၂၀၁၆ ခုႏွစ္မွာ ႏိုင္ငံျခားသား ခရီးသြား ၂ ဒသမ ၉ သန္း ဝင္ေရာက္ၿပီးေနာက္ အစိုးရက ၂၀၁၇ ခုႏွစ္မွာ ၃ ဒသမ ၅ သန္း လာေရာက္လိမ့္မယ္လို႔ ခန္႔မွန္းထားခဲ့ပါတယ္။

ခရီးသြားဧည့္သည္ ျမင့္တက္လာတာဟာ ပ႐ိုမိုးရွင္း အစီအစဥ္ေတြေၾကာင့္လို႔ ထင္ေၾကာင္း၊ ျမန္မာအစိုးရက ခရီးသြားေတြကို အရင္က တားျမစ္ထားတဲ့ ေနရာေတြကိုလည္း သြားလာခြင့္ေပးလို႔ ျဖစ္ႏိုင္ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန၊ ဒုတိယ ညႊန္ၾကားေရးမွဴး ဦးျမင့္ေထြးက ဘလြန္းဘာ့ဂ္ သတင္းဌာနကို ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် ပြဿနာ ရှိပေမယ့် မြန်မာ့ ခရီးသွားလုပ်ငန်း မြင့်တက်ဆဲ

မွတ်စလင် ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာကို နိုင်ငံတကာက ပြစ်တင် ဝေဖန်မှုတွေ ရှိပေမယ့် မနှစ်က ၂၀၁၇ ခုနှစ်မှာ နိုင်ငံခြားသား ခရီးသွား ၃ ဒသမ ၄၄ သန်း ဝင်ရောက်တဲ့အတွက် ၁၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

၂၀၁၆ ခုနှစ်မှာ နိုင်ငံခြားသား ခရီးသွား ၂ ဒသမ ၉ သန်း ဝင်ရောက်ပြီးနောက် အစိုးရက ၂၀၁၇ ခုနှစ်မှာ ၃ ဒသမ ၅ သန်း လာရောက်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။

ခရီးသွားဧည့်သည် မြင့်တက်လာတာဟာ ပရိုမိုးရှင်း အစီအစဉ်တွေကြောင့်လို့ ထင်ကြောင်း၊ မြန်မာအစိုးရက ခရီးသွားတွေကို အရင်က တားမြစ်ထားတဲ့ နေရာတွေကိုလည်း သွားလာခွင့်ပေးလို့ ဖြစ်နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ဘလွန်းဘာ့ဂ် သတင်းဌာနကို ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)