ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အိႏၵိယက တက္ၾကြစြာ ပါဝင္ေပးဖို႔ ဘဂၤလားေဒ့ရွ္ ေမွ်ာ္လင့္

0
288

ဒုကၡသည္ေတြ ေနရပ္ျပန္ေရးကိစၥမွာ အိႏၵိယႏိုင္ငံအေနနဲ႔ သံတမန္လမ္းေၾကာင္းကေန ျမန္မာကို စည္း႐ံုးေပးဖို႔ တက္ၾကြတဲ့ က႑က ပါဝင္ေရး ဘဂၤလားေဒ့ရွ္က ေမွ်ာ္လင့္ေနပါတယ္။

ဒုကၡသည္ေတြ ေအာင္ျမင္စြာ ေနရပ္ျပန္ေရး အိႏၵိယက သူ႔ရဲ႕ အခြင့္အာဏာကို သံုးေစခ်င္တယ္လို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ ဟာစီနာက ေျပာေၾကာင္း ဒါကာက လာတဲ့ သတင္းေတြမွာ ေဖာ္ျပပါတယ္။ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ျမန္မာကို အိႏၵိယက ပိုၿပီး ဖိအားေပးဖို႔ ကြ်န္မတို႔ ေမွ်ာ္လင့္တယ္၊ ဒုကၡသည္ေတြ ေနရပ္ျပန္ၿပီးရင္လည္း အၾကမ္းဖက္မႈေတြ ထပ္မျဖစ္ဖို႔ ေသခ်ာဖို႔ လိုတယ္လို႔ ဝန္ႀကီးခ်ဳပ္ ဟာစီနာက ေျပာပါတယ္။

ဒုကၡသည္ေတြဟာ စိတ္ဓာတ္ပ်က္ျပားေနေၾကာင္း၊ အတိုင္းအတာထက္ ပိုၿပီး လူေတြ စိတ္ဓာတ္ပ်က္ျပားေနရင္ ျပင္ပက လူေတြက သူတုိ႔အက်ိဳးအတြက္ အသံုးခ်ၾကမွာျဖစ္ေၾကာင္း၊ အဲလိုျဖစ္လာရင္ ႏွစ္ႏိုင္ငံလံုးအတြက္ မေကာင္းေၾကာင္း အၾကမ္းဖက္သမားေတြ စည္း႐ံုးမယ့္ အႏၱရာယ္ကို ရည္ညြန္းၿပီးေတာ့လည္း ဝန္ႀကီးခ်ဳပ္ ဟာစီနာက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အိန္ဒိယက တက်ကြွစွာ ပါဝင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် မျှော်လင့်

ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာ အိန္ဒိယနိုင်ငံအနေနဲ့ သံတမန်လမ်းကြောင်းကနေ မြန်မာကို စည်းရုံးပေးဖို့ တက်ကြွတဲ့ ကဏ္ဍက ပါဝင်ရေး ဘင်္ဂလားဒေ့ရှ်က မျှော်လင့်နေပါတယ်။

ဒုက္ခသည်တွေ အောင်မြင်စွာ နေရပ်ပြန်ရေး အိန္ဒိယက သူ့ရဲ့ အခွင့်အာဏာကို သုံးစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပြောကြောင်း ဒါကာက လာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာကို အိန္ဒိယက ပိုပြီး ဖိအားပေးဖို့ ကျွန်မတို့ မျှော်လင့်တယ်၊ ဒုက္ခသည်တွေ နေရပ်ပြန်ပြီးရင်လည်း အကြမ်းဖက်မှုတွေ ထပ်မဖြစ်ဖို့ သေချာဖို့ လိုတယ်လို့ ဝန်ကြီးချုပ် ဟာစီနာက ပြောပါတယ်။

ဒုက္ခသည်တွေဟာ စိတ်ဓာတ်ပျက်ပြားနေကြောင်း၊ အတိုင်းအတာထက် ပိုပြီး လူတွေ စိတ်ဓာတ်ပျက်ပြားနေရင် ပြင်ပက လူတွေက သူတို့အကျိုးအတွက် အသုံးချကြမှာဖြစ်ကြောင်း၊ အဲလိုဖြစ်လာရင် နှစ်နိုင်ငံလုံးအတွက် မကောင်းကြောင်း အကြမ်းဖက်သမားတွေ စည်းရုံးမယ့် အန္တရာယ်ကို ရည်ညွန်းပြီးတော့လည်း ဝန်ကြီးချုပ် ဟာစီနာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)