လား႐ႈိးၿမိဳ႕ ဗံုးေပါက္ကြဲမႈ ၂ ဦးေသ၊ ၂၂ ဦး ဒဏ္ရာရ

0
878

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕၊ လမ္းမေတာ္လမ္းရွိ ႐ိုးမဘဏ္နဲ႔ ဧရာဝတီဘဏ္ၾကားမွာ မေန႔က ေဖေဖာ္ဝါရီ ၂၁၊ ညေန ၄ နာရီခြဲက ဗံုးေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသမီး ၂ ဦး ေသဆံုးၿပီး အမ်ိဳးသား ၉ ဦး၊ အမ်ိဳးသမီး ၁၃ ဦးတို႔ ဒဏ္ရာ ရရွိခဲ့ပါတယ္။

ေသဆံုးသူ ၂ ဦးက ႐ိုးမဘဏ္ဝန္ထမ္း ေဒၚစႏၵာထြန္း (၄၆ ႏွစ္) နဲ႔ ေဒၚေမာ္ေမာ္ (၄၃ ႏွစ္) တို႔ ျဖစ္ပါတယ္။ ႐ိုးမဘဏ္ အေဆာက္အအံုအတြင္းပိုင္းနဲ႔ ပစၥည္းေတြ ထိခိုက္ပ်က္စီးၿပီး ဧရာဝတီဘဏ္လည္း အေဆာက္အအံု ထိခိုက္ ပ်က္စီးပါတယ္။ ဘဏ္အနီးက ေမာ္ေတာ္ယာဥ္ေတြ၊ မ်က္ႏွာခ်င္းဆိုင္ရွိ ျပည္နယ္က်န္းမာေရး ဦးစီးဌာန႐ံုးရဲ႕ မွန္ေတြလည္း ထိခိုက္ကြဲေၾကခဲ့ပါတယ္။ ေပါက္ကြဲမႈ ျပင္းထန္တဲ့အတြက္ အနီးနား ေနအိမ္က မွန္ေတြလည္း ကြဲခဲ့ပါတယ္။

ဗံုးေဖာက္ခြဲမႈဟာ ဘယ္အဖြဲ႔အစည္းရဲ႕ လက္ခ်က္ျဖစ္တယ္ဆိုတာကို အစိုးရက ထုတ္ျပန္ျခင္း မရွိေသးပါဘူး။ CCTV မွတ္တမ္းေတြကို စစ္ေဆးေနၿပီး အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ကို စိစစ္ေနတယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လားရှိုးမြို့ ဗုံးပေါက်ကွဲမှု ၂ ဦးသေ၊ ၂၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ လမ်းမတော်လမ်းရှိ ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်ကြားမှာ မနေ့က ဖေဖော်ဝါရီ ၂၁၊ ညနေ ၄ နာရီခွဲက ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသူ ၂ ဦးက ရိုးမဘဏ်ဝန်ထမ်း ဒေါ်စန္ဒာထွန်း (၄၆ နှစ်) နဲ့ ဒေါ်မော်မော် (၄၃ နှစ်) တို့ ဖြစ်ပါတယ်။ ရိုးမဘဏ် အဆောက်အအုံအတွင်းပိုင်းနဲ့ ပစ္စည်းတွေ ထိခိုက်ပျက်စီးပြီး ဧရာဝတီဘဏ်လည်း အဆောက်အအုံ ထိခိုက် ပျက်စီးပါတယ်။ ဘဏ်အနီးက မော်တော်ယာဉ်တွေ၊ မျက်နှာချင်းဆိုင်ရှိ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနရုံးရဲ့ မှန်တွေလည်း ထိခိုက်ကွဲကြေခဲ့ပါတယ်။ ပေါက်ကွဲမှု ပြင်းထန်တဲ့အတွက် အနီးနား နေအိမ်က မှန်တွေလည်း ကွဲခဲ့ပါတယ်။

ဗုံးဖောက်ခွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ CCTV မှတ်တမ်းတွေကို စစ်ဆေးနေပြီး အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ကို စိစစ်နေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)