ပဲခူးမြို့ မြို့တော်ခန်းမကို သိန်း ၁၅၀၀ အကုန်ခံပြီး အကြီးစားပြင်ဆင်မှု လုပ်နေ

0
255

ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်မှာရှိတဲ့ မြို့တော်ခန်းမကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ငွေကျပ် သိန်း ၁၅၀၀ အကုန်အကျခံပြီး အကြီးစားပြင်ဆင်မှုတွေ လုပ်နေပါတယ်။

မြို့တော်ခန်းမကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုငွေ ကျပ် သိန်း ၁၄၀၀ နဲ့ ဆောက်လုပ်ခဲ့တာပါ။

မြို့တော်ခန်းမဟာ အလျား ပေ ၁၈၀၊ အနံ ပေ ၈၀ ကျယ်ပြီး တစ်ထပ် အာစီအဆောက်အအုံ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြို့တော်ခန်းမရဲ့ အမိုးနဲ့မျက်နှာကြက်တွေ ပေါက်ပြဲပျက်စီးပြီး နေဒဏ်မိုးဒဏ် မခံနိုင်တော့တာကြောင့် ပြန်လည်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ကျပ် ၁၅၄၆ သိန်း အကုန်ခံပြီး ဖေဖော်ဝါရီလ ပထမပတ်ကစတင်ပြီး ဒိုင်းလဲလှယ်တာ၊ အမိုးနဲ့ မျက်နှာကြက် အသစ်ပြန်လဲတာ၊ အဝင်အထွက် တံခါးမကြီးတွေ၊ ပြတင်းပေါက်တွေ၊ စတိတ်စင်လိုက်ကာနဲ့ နားနေခန်းတွေ ပြင်ဆင်တာ စတဲ့ အကြီးစား ပြင်ဆင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပြီး မတ်လ နောက်ဆုံးပတ်အတွင်း အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ မြို့တော်ခန်းမကို အကြီးစားပြင်ဆင်မှုတွေ လုပ်နေတဲ့အတွက် ယာယီပိတ်ထားပြီး အစည်းအဝေးနဲ့ အခမ်းအနား ပွဲလမ်းသဘင်တွေကို သီရီဟံသာခန်းမနဲ့ သာသနာ့ဗိမာန်ခန်းမတွေကို ရွှေ့ပြောင်းလက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)