မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာတည်သရွေ့ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်ကြဖို့ ဒုသမ္မတ ပြောကြား

0
314

မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသား၊ မြန်မာ့ဓလေ့နဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲဖို့နဲ့ ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရမှာက မြန်မာနိုင်ငံသား အားလုံးမှာ တာဝန်ရှိတယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုသမ္မတကအခုလို ပြောကြားလိုက်တာပါ။ ဒါ့အပြင် မြန်မာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များသည် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့ ရိုးရာအစဉ် အလာ ဓလေ့အလိုက် ဆက်ခံ ထိန်းသိမ်းလာခဲ့ကြတဲ့အတွက် နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့ပြီး မျိုးဆက်သစ်တို့ကို လက်ဆင့်ကမ်း အမွေပေးနိုင်ခြင်း ဖြစ်တယ်လို့ ဒုသမ္မတကပြောပါတယ်။

ယဉ်ကျေးမှုနဲ့ သဘာဝ အမွေအနှစ်တွေဟာ လက်ညှိုးထိုးမလွဲ ဂုဏ်ယူဖွယ်တည်ရှိနေ ပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပျူရှေးဟောင်းမြို့တော် တွေ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် မန္တလေးမဟာလောက မာရဇိန် ကုသိုလ်တော်ဘုရား ကျောက်စာတွေနဲ့ မြစေတီ(ရာဇကုမာရ်) ကျောက်စာ တွေဟာ မြန်မာ့အမွေအနှစ်အဖြစ် ကမ္ဘာအလယ်တွင် ဂုဏ်ယူစရာဖြစ်ပြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသနဲ့ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဒေသတွေကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဒုတိယသမ္မတဦးဟန်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)