ပဲခူးမှာ မြို့တွင်းသန့်ရှင်သာယာရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ပညာပေးဆိုင်းဘုတ် စိုက်ထူ

0
316

ပဲခူးတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်တဲ့ ပဲခူးမြို့မှာ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ အသိပညာပေး ဆိုင်းဘုတ် စိုက်ထူမှု ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း၊ ဗုဒ္ဓအသံ ဓမ္မဗိမာန်ရှေ့မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးဆောင်ပြီး အသိပညာပေး ဆိုက်ဘူစိုက်ထူတဲ့ အခမ်းအနား ပြုလုပ်ခဲ့တာပါ။

အဲဒီ ဆိုင်းဘုတ်စိုက်ထူအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူတွေအပြင် လူမှုရေးအသင်းတွေလည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားမှာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအောင်က တိုင်းဒေသကြီး သန့်ရှင်းသာယာအောင် ပတ်ဝန်းကျင်ရေးလှုပ်ရှားမှုအနေနဲ့ သက်ဆိုင်ရာဌာနဆိုငရာတွေနဲ့ ပူးပေါင်းပြီး ပြည်သူလူထု၊ ကျောင်းသားကျောင်းသူ၊ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေ လိုက်နာဆောင်ရွက်ဖို့ အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်တာတွေ၊ အမှိုက်တာတွေ၊ လုပ်ဆောင်လျက်ရှိနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)