သမ္မတ ဦးထင်ကျော် ကလေးမြို့နယ် ဒေသခံတွေနဲ့ တွေ့ဆုံ

0
316

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့က သမ္မတ ဦးထင်ကျော်က ကလေးမြို့နယ် လွှတ်တော်အမတ်တွေနဲ့
ဒေသခံတွေ တွေ့ဆုံခဲ့ကြပါတယ်။

အခုလို သမ္မတဦးထင်ကျော်က ကလေးမြို့နယ် လွှတ်တော်အမတ်တွေနဲ့ ဒေသခံတွေ တွေ့ဆုံမှုမှာဆိုရင် ကလေးမြို့နယ်မှာ ရေကြီးရေလျှံမှုဖြစ်တွေ ဖြစ်ခဲ့ကြပြီး နောက်ဆက်တွဲအနေနဲ့ မြေပေါ်/မြေအောက် ရေကြောင်းတွေမှာ ရေကျောများပြောင်းလဲမှုကြောင့် ရေကြီးခြင်း၊ သောက်သုံးရေတွင်း ရေကန်တွေမှာလည်း ခမ်းခြောက်လာခြင်းများကို မြေပြင် မြေအောက်သုတေသနပြုပြီး ကာကွယ်နိုင်ရေး၊ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေ ဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက်လမ်းများနဲ့ ကလေးနယ်အတွင်းက မြစ်သာမြစ်ကူးတံတားတစ်စင်း ထပ်မံတည်ဆောက်ပေးနိုင်ရေး၊ ကလေးမြို့နယ် မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဒေသအတွက် လက်ပံချောင်းကျေးရွာ တိုက်နယ်ဆေးရုံအဆင့် တိုးမြှင့်ပြီး အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်ပေးစတဲ့ အချက်တွေကို ဒေသခံ ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးများက လုပ်ဆောင်ပေးလို့ရတဲ့ကိစ္စရပ်တွေကို အမြန်ဆုံးဖြည့်ဆည်းပေးသွားမယ်လို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)