ဝါဆိုမိုးဦးရဲ့ ပထမဆုံး တေးစီးရီး “မိုက်လားပြောကြည့်” မတ်လ ၂ ရက်နေ့ ထွက်မယ်

0
304

သရုပ်ဆောင်၊ အဆိုတော် ဝါဆိုမိုးဦးရဲ့ ပထမဆုံး တေးစီးရီးခွေဖြစ်တဲ့ “မိုက်လားပြောကြည့်” တေးစီးရီးကို မတ်လဆန်းပိုင်းမှာ ထုတ်လုပ်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

အဲဒီတေးစီးရီးကို Bo Bo Entertainment ကနေ မတ်လ ၂ ရက်နေ့မှာ တစ်နိုင်ငံလုံး ဖြန့်ချိသွားမှာဖြစ်ပြီး စီဒီရော ဒီဗီဒီပါ တစ်ခါတည်း ထွက်ရှိမှာ ဖြစ်ပါတယ်။

မိုက်လားပြောကြည့်အခွေမှာ သီချင်း ၁၂ ပုဒ်ပါဝင်ပြီး Featuring အဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း(Examplez)၊ ဖြိုးလေး(Snare)နဲ့ စန္ဒီမြင့်လွင်တို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)