နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားအဖြစ် လုပ်နေတာတွေ ဆန့်ကျင် သွားမယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးပြော

0
306

တည်ဆဲဥပဒေအရေ နိုင်ငံသားဖြစ်ခွင့်မရှိသူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ဦးတည်တဲ့ ဘယ်လုပ်ရပ်ကိုမဆို ကြံ့ခိုင်ရေးပါတီက လက်မခံဘဲ ဆန့်ကျင်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

ဥက္ကဋ္ဌ ဦးသန်းဌေးဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံစဉ်မှာ အဲဒီလို ပြောကြားခဲ့တာပါ။
ပြည်ထောင်စုရဲ့ သွေးသားမဟုတ်သူတွေက ပြည်ထောင်စုသားဖြစ်ဖို့ အပြင်းအထန် တရားတဲ့နည်းနဲ့ရော မတရားတဲ့ နည်းနဲ့ပါ ကြိုးပမ်းနေချိန်မှာ သွေးသားစစ်စစ်တွေကို ပိုမိုစည်းလုံးဖို့ လိုအပ်တယ်လို့လည်း ဦးသန်းဌေးက အဲဒီမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ တိုင်းပြည်ရဲ့လိုအပ်ချက်ကို ပံ့ပိုးထောက်ကူ ပေးနေပြီး ဒါဟာ ဗမာလူမျိုးကြီးပါတီ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)