ပြင်ဦးလွင်မြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား နဲ့ ဘိန်းစိမ်းတွေ ဖမ်းဆီးရမိ

0
359

ပြင်ဦးလွင်မြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၄၆ ပြား နဲ့ ဘိန်းစိမ်း ၂၅၀ ဂရမ် ကို ဖမ်းဆီး ရမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က မူးယစ်တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်း အဖွဲ့ဟာ ပြင်ဦးလွင်မြို့နယ်၊ ဘော်ကျေးရွာအုပ်စု၊ ကျားတွင်းရေ ကျေးရွာနေ မစန္ဒာ ရဲ့နေအိမ်ကို ရှာဖွေရာ မှအခုလိုသိမ်းဆည်းရမိခဲ့တာပါ။

မူးယစ်ဆေးဝါးတွေလက်ဝယ်ထားရှိတဲ့ မစန္ဒာ (၄၅) နှစ် နဲ့ မမြဝင်းရွှေ (၄၀) နှစ်တို့ ၂ ဦးကိုမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီဖြစ်ပါတယ်.။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)