အသက် ၁၂ နှစ်အထက်ရှိသူတွေကို စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ထားလို့ ထွက်ပြေးတိမ်းရှောင် နေရ

0
273

UWSA “၀”အဖွဲ့က ကျေးရွာတွေရှိ အသက် ၁၂ နှစ်အထက်ရှိသူတွေကို စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ထားတဲ့ အတွက်ဒေသခံမိသားစုတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ အာလဲဖိုကျေးရွာမှ ဒေသခံပြည်သူတွေဟာ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၆ နာရီကသူတို့ပိုင် ထော်လာဂျီနဲ့ နရပ်စွန့်ခွာခဲ့ကြပြီး ၀င်းလိတ်ကျေးရွာမှာရှိတဲ့ ဆွေမျိုးတွေအိမ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။

ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ သူတွေဟာ မိသားစု နှစ်စု၊ လူဦးရေ ခြောက်ဦး ပါဝင်ပြီး အလှည့်ကျစစ်မှုထမ်းကြရမှာဖြစ်တဲ့အတွက် အခုလိုထွက်ပြေးခဲ့ကြ တာဖြစ်ပါတယ်။ အဲဒီထွက်ပြေး လာသူတွေကို နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ဆန်၊ ဆီနဲ့ စားသောက်ဖွယ်ရာတွေ ထောက်ပံ့ပေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)