၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း ကျောင်း ၃၃၀၀ ကျော်ကို အဆင့်တိုးမြှင့်ခဲ့

0
395

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း အခြေခံပညာ ကျောင်းပေါင်း ၃၃၀၀ ကျော် ကို အဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။

အဲဒီလိုတိုးမြှင့်ပေးခဲ့ရာမှာ သတ်မှတ်မူဘောင်နဲ့ ကိုက်ညီတဲ့ကျောင်း ၉၃၇ ကျောင်းရှိပြီး မူဘောင်ဖြေလျှော့ပေးခဲ့တဲ့ ကျောင်း ၂၃၇၅ ကျောင်း ရှိခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မုဒုံမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးစောထွန်းရဲ့အမေးကို ပညာရေးဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဲဒီလို ပြန်လည် ဖြေကြားခဲ့တာပါ။

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တစ်ခုကို အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ရာမှာ သတ်မှတ်ချက်မူက အဲဒီကျောင်းမှာ ကျောင်းသား အရေအတွက် ၂၀၀ ရှိဖို့ သတ်မှတ်ထားတာ ဖြစ်တယ်လို့လည်း ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)