ရခိုင်ပြည်နယ်အတွက် မလေးရှားအစိုးရက လှူဒါန်းတဲ့ အထောက်အပံ့ ပစ္စည်းတွေ ရောက်ရှိ

0
355

ရခိုင်ပြည်နယ်အတွက် မလေးရှားနိုင်ငံအစိုးရက လှူဒါန်းတဲ့ လူသားချင်းစာနာမှု အထောက် အပံ့ပစ္စည်းတွေ ဖေဖော်ဝါရီ ၂၁ ရက်မွန်းလွဲ ၂ နာရီကျော်က စစ်တွေဖောင်တော်ကြီး ဆိပ်ခံတံတား ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီထောက်ပံ့ရေး ပစ္စည်းတွေကို ရခိုင်ပြည်နယ် အတွင်းရှိ နှစ်ဖက်အဖွဲ့ အစည်းတွေကို ရခိုင်ပြည်နယ်အစိုးရရဲ့အစီအစဉ်နဲ့ ထောက်ပံ့သွားမှာ
ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက လှူဒါန်းခဲ့တဲ့ လူသားချင်းစာနာမှု အထောက်အပံ့ ပစ္စည်းတွေမှာ ဆန်အိတ် ၆ဝဝဝ၊ ခေါက်ဆွဲ ၁၈၄၆ ဖာ၊ ရေသန့် ၉၇၅ ဖာ၊ သွားတိုက် ဆေး ဖာ ၁ဝဝ၊ သွားတိုက်တံ ၃၆ ဖာ၊ တဘက် ၉၅ ထုပ်၊ ပရုတ်ဆီ ၃၅ ဖာ၊ ဆပ်ပြာမှုန့် ၅၆၂ ဖာ၊ ဆပ်ပြာခဲ ၂၂ ဖာ၊ ဘီး ၈ ဖာ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်း ၁၃၉ ဖာ၊ မုတ်ဆိတ်ရိတ်ဓား ဖာ ၅ဝ၊ လက်သည်းညှပ် ကိုးဖာနဲ့ ဖိနပ် အိတ် ၅ဝ တို့ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)