မြ၀တီမြို့က စာစစ်ဌာနကို ထိုင်းနယ်စပ်အတွင်းက မြန်မာကလေးငယ် ၃၀၀ ကျော် လာရောက် ဖြေဆို

0
348

ထိုင်း-မြန်မာနယ်စပ် မဲဆောက်အတွင်းက မြန်မာရွှေ့ပြောင်း ကျောင်း (၂၀)က စတုတ္ထတန်းနဲ့ အဋ္ဌမတန်း ကျောင်းသူကျောင်းသား (၃၀၀) ကျော်ဟာ မြ၀တီမြို့မှာ ကျင်းပနေတဲ့ စာစစ်ဌာနကို လာရောက် ဖြေဆိုတာပါ။

မဲဆောက်မြို့က မြန်မာရွှေ့ပြောင်း ကျောင်းသားတွေအတွက် မြ၀တီမြို့ နယ် စာစစ်ဌာနခွဲ အဖြစ် မဲဆောက်မြို့ ဆာသူလေးအထက်တန်းကျောင်းမှာလည်း စာစစ်ဌာနဖွင့်လှစ်ပြီး မြ၀တီမြို့နယ် စာစစ်ဌာနက တာဝန်ရှိသူတွေကိုယ်တိုင် လာရောက်ကြီးကြပ်ပေးမှုတွေ ရှိနေတယ်လို့လည်း မဲဆောက်ဒေသခံတွေက ပြောပါတယ်။

ဆာသူလေးကျောင်းမှာ အစိုးရစစ်စာမေးပွဲကို မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းကျောင်း (၁၈) ကျောင်းက စတုတ္ထတန်းဖြေဆိုသူ (၂၃၄) ဦး ဆာသူးလေနဲ့ SAW ကျောင်းက အဋ္ဌမတန်းဖြေဆိုသူ (၇၈) ဦးတို့ ၀င်ရောက်ဖြေဆိုနေကြတာလည်းဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်ထဲက မဲဆောက်အပါအ၀င် ဆက်စပ် ၄ မြို့နယ်က မြန်မာရွှေ့ပြောင်း စာသင်ကျောင်းပေါင်း (၅၀) ကျော်ရှိပြီး ဒေသတွင်း ရောက်ရှိနေထိုင် နေကြတဲ့ မြန်မာကလေးငယ် တစ်သောင်းကျော်ကလည်း ပညာသင်ကြားနေကြတယ်လို့ ရွှေ့ပြောင်း ပညာရေးအတွက် အကူအညီ ပေးနေကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့က စစ်တမ်းများအရသိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)