ရခိုင်ပြည်နယ် ပဋိပက္ခမှာ ကလေးတွေ ထိခိုက်မှုကို အထူးစိုးရိမ်ကြောင်း ကုလ ကိုယ်စားလှယ် ပြော

0
27

ရခိုင်ပြည်နယ်မှာ ပြင်းထန်တဲ့ ပဋိပက္ခတွေ တိုးမြင့်လာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အထူးသဖြင့် ကလေးသူငယ်တွေအပေါ် သက်ရောက်မှုကို အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် (SRSG CAC) မစ္စ ဗာဂျီးနီးယား ဂမ်ဘာက ပြောပါတယ်။

ကုလ အထူးကိုယ်စားလှယ် မစ္စ ဗာဂျီးနီးယား ဂမ်ဘာဟာ ငါးရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က လာရောက်ခဲ့ပြီး အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ သံတမန်တွေ၊ မြန်မာနိုင်ငံရှိ ကလေးသူငယ် အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR) တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မစ္စ ဗာဂျီးနီးယား ဂမ်ဘာက ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တို့မှာ ပဋိပက္ခတွေကြောင့် ကလေးငယ်တွေ ဆိုးရွားစွာ ဒုက္ခခံစားနေရကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ကုလသမဂ္ဂနဲ့ NGO တွေကို ပဋိပက္ခဖြစ်တဲ့ ဧရိယာတွေရှိ ကလေးငယ်တွေအတွက် အကူအညီပေးရေး ဝင်ရောက်ခွင့်ပြုဖို့လည်း တောင်းဆိုထားကြောင်း SRSG CAC ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>