ယူနန်ပြည်နယ်ကို အရှေ့တောင် အာရှဘက် ပိုပြီး လမ်းဖွင့်ဖို့ သမ္မတ ရှီ တိုက်တွန်း

0
27

တောင်နဲ့ အရှေ့တောင်အာရှမှ ရပ်ဝန်းနဲ့ ပိုးလမ်းမ စတင်မှုမှာ ပိုပြီး တက်ကြွတဲ့ ကဏ္ဍက ပါဝင်ဖို့နဲ့ ပိုပြီး လမ်းဖွင့်ဖို့ ယူနန်ပြည်နယ် တာဝန်ရှိသူတွေကို သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက်ပြီးနောက် သမ္မတ ရှီက အခုလို ယူနန်ပြည်နယ်ကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ မြန်မာ၊ ဗီယက်နမ်၊ လာအိုတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ဟာ တရုတ်တစ်နိုင်ငံလုံးရဲ့ ဖွံ့ဖြိုးမှုမှာ တက်ကြွတဲ့ အခန်းကနေ ပါဝင် ပေါင်းစပ်ဖို့ လိုကြောင်း၊ ဒေသတွင်း စီပွားရေးနဲ့ ယဉ်ကျေးမှု ဆက်သွယ်ရေးတို့မှာ ပိုပြီး ပါဝင်ဖို့ တွန်းအားပေးသင့်ကြောင်း သမ္မတ ရှီက ပြောပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့က အနောက်တောင်ဘက် ပြည်နယ်ဖြစ်တဲ့ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို အလည်အပတ်ရောက်ရှိတဲ့ နောက်ဆုံးနေ့မှာ ဒေသ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး သမ္မတ ရှီကျင့်ဖျင်က အခုလို အကြံပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>