ႏိုင္ငံေတာ္ရဲ႕ ပုံရိပ္ေဖာ္ေဆာင္ရာမွာ ႏိုင္ငံပိုင္ မီဒီယာက ေကာင္းစြာ ပုံေဖာ္ႏိုင္မႈ အားနည္းဟုဆို

0
2150

ႏိုင္ငံတကာ အသိုင္းအ၀ုိင္းကို ႏိုင္ငံေတာ္ရဲ႕ ပုံရိပ္ေဖာ္ေဆာင္ရာမွာ ႏိုင္ငံပိုင္ မီဒီယာက ေကာင္းစြာ ပုံေဖာ္ႏိုင္မႈ အားနည္းတယ္လို႔ ျပန္ၾကားေရး၀န္ႀကီးဌာန ဒုတိယျပည္ေထာင္စု၀န္ႀကီး ျဖစ္လာတဲ့ ဦးေအာင္လွထြန္းက ေျပာၾကားလိုက္ပါတယ္။

ဇန္န၀ါရီလ ၂၂ ရက္ေန႔က ေန႔ခင္းပိုင္းက ေနျပည္ေတာ္ရွိ အဲ့ဒီ၀န္ႀကီးရံုးမွာျပဳလုပ္တဲ့ ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရးဦးစီးဌာနရဲ႕ တုိင္းေဒသႀကီး၊ ျပည္နယ္နဲ႔ ခရုိင္ ဦးစီးအရာရွိေတြ ေတြ႕ဆုံပြဲမွာ အဲ့ဒီလိုေျပာၾကားလိုက္တာပါ။

အဲ့ဒီလိုေျပာၾကားရာမွာေတာ့ ပုဂၢလိက သတင္းမီဒီယာေတြရဲ႕ သက္တမ္းဟာ နည္းေနေသးတာေၾကာင့္ ႏိုင္ငံတကာမီဒီယာေတြရဲ႕ လက္ထဲကို ကိုယ့္ႏိုင္ငံကို ပုံေဖာ္ဖို႔ ထိုးအပ္ထားရသလို ျဖစ္ေနတယ္လို႔လည္း ေျပာၾကားထားတာပါ။

ဒါေၾကာင့္ ၀န္ႀကီးဌာနအေနနဲ႔ Access to Information ကို ျမွင့္တင္ၿပီး သတင္း အခ်က္အလက္စီးဆင္းမႈကို ျမန္ဆန္ေအာင္ စနစ္တက် ေဆာင္ရြက္ဖို႔ ၀န္ႀကီးဌာနအေနနဲ႔ အဓိကတာ၀န္ရွိတယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

======================================

နိုင်ငံတော်ရဲ့ ပုံရိပ်ဖော်ဆောင်ရာမှာ နိုင်ငံပိုင် မီဒီယာက ကောင်းစွာ ပုံဖော်နိုင်မှု အားနည်းဟုဆို

နိုင်ငံတကာ အသိုင်းအဝိုင်းကို နိုင်ငံတော်ရဲ့ ပုံရိပ်ဖော်ဆောင်ရာမှာ နိုင်ငံပိုင် မီဒီယာက ကောင်းစွာ ပုံဖော်နိုင်မှု အားနည်းတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဖြစ်လာတဲ့ ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က နေ့ခင်းပိုင်းက နေပြည်တော်ရှိ အဲ့ဒီဝန်ကြီးရုံးမှာပြုလုပ်တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ခရိုင် ဦးစီးအရာရှိတွေ တွေ့ဆုံပွဲမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ ပုဂ္ဂလိက သတင်းမီဒီယာတွေရဲ့ သက်တမ်းဟာ နည်းနေသေးတာကြောင့် နိုင်ငံတကာမီဒီယာတွေရဲ့ လက်ထဲကို ကိုယ့်နိုင်ငံကို ပုံဖော်ဖို့ ထိုးအပ်ထားရသလို ဖြစ်နေတယ်လို့လည်း ပြောကြားထားတာပါ။

ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့ Access to Information ကို မြှင့်တင်ပြီး သတင်း အချက်အလက်စီးဆင်းမှုကို မြန်ဆန်အောင် စနစ်တကျ ဆောင်ရွက်ဖို့ ဝန်ကြီးဌာနအနေနဲ့ အဓိကတာဝန်ရှိတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)