ဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္ေတြကို ျပန္မပို႔ႏိုင္ေသးဟုဆို

0
1878

ဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္ေတြကို ဇန္န၀ါရီလ ၂၃ ရက္ေန႔မွာ ျပန္မပို႔ႏိုင္ေသးဘူးလို႔ ဘဂၤလားအစိုးရ တာ၀န္ရွိသူေတြရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ရိုက္တာသတင္းဌာနက ေဖာ္ျပလာပါတယ္။

EPA-EFE/TRACEY NEARMY AUSTRALIA AND NEW ZEALAND OUT

ျပန္လည္လက္ခံေရး စခန္းေတြ ေဆာက္လုပ္ဖို႔နဲ႔ ဒုကၡသည္အမည္စာရင္းေတြကို ႏွစ္ႏိုင္ငံ အစိုးရေတြ တရား၀င္ အတည္ျပဳဖို႔ က်န္ရွိေနတာေၾကာင့္ ျပန္မပို႔ႏိုင္ေသးတာျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္အစိုးရ တာ၀န္ရွိသူေတြက ေျပာဆိုထားတာပါ။

လက္ရွိအေျခအေနမွာဆိုရင္ေတာ့ ျမန္မာအစိုးရက ဟိႏၵဴဘာသာ၀င္ ၅၀၀ ေက်ာ္နဲ႔ မူစလင္ဘာသာ၀င္ ၇၅၀ ဦးတို႔ရဲ႕ အမည္စာရင္းေတြ ေပးပို႔ထားၿပီး မူလအစီအစဥ္အတုိင္း လက္ခံသြားမယ္လို႔ ေျပာဆုိထားတာပါ။

ဒါ့အျပင္ ျပန္လည္လက္ခံမယ့္သူေတြကို ယာယီစခန္းေတြမွာ ထားမွာ မဟုတ္ပဲ မူလေက်းရြာေတြမွာ အျမန္ဆံုးအေျခခ်ႏိုင္ေအာင္ ျပင္ဆင္ထားတယ္လို႔လည္း ေျပာၾကားထားပါတယ္။ 

===========================

ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေကို ပြန်မပို့နိုင်သေးဟုဆို

ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြန်မပို့နိုင်သေးဘူးလို့ ဘင်္ဂလားအစိုးရ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြလာပါတယ်။

ပြန်လည်လက်ခံရေး စခန်းတွေ ဆောက်လုပ်ဖို့နဲ့ ဒုက္ခသည်အမည်စာရင်းတွေကို နှစ်နိုင်ငံ အစိုးရတွေ တရားဝင် အတည်ပြုဖို့ ကျန်ရှိနေတာကြောင့် ပြန်မပို့နိုင်သေးတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားတာပါ။

လက်ရှိအခြေအနေမှာဆိုရင်တော့ မြန်မာအစိုးရက ဟိန္ဒူဘာသာဝင် ၅၀ဝ ကျော်နဲ့ မူစလင်ဘာသာဝင် ၇၅၀ ဦးတို့ရဲ့ အမည်စာရင်းတွေ ပေးပို့ထားပြီး မူလအစီအစဉ်အတိုင်း လက်ခံသွားမယ်လို့ ပြောဆိုထားတာပါ။

ဒါ့အပြင် ပြန်လည်လက်ခံမယ့်သူတွေကို ယာယီစခန်းတွေမှာ ထားမှာ မဟုတ်ပဲ မူလကျေးရွာတွေမှာ အမြန်ဆုံးအခြေချနိုင်အောင် ပြင်ဆင်ထားတယ်လို့လည်း ပြောကြားထားပါတယ်။ (တင်ပြီး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)