တိုင္ပတ္ေနတဲ့ ေမးခြန္းနဲ႔ အေျဖေတြ လႊတ္ေတာ္မွာ မလိုလားဟု ဦး၀င္းျမင့္ေျပာၾကား

0
2092

တိုင္ပတ္ေနတဲ့ ေမးခြန္းနဲ႔ အေျဖေတြ လႊတ္ေတာ္မွာ မလိုလားဘူးလို႔ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦး၀င္းျမင့္က ေျပာၾကားလိုက္ပါတယ္။ ဇန္န၀ါရီလ ၂၂ ရက္ေန႔က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀းမွာ “တိုင္ပတ္ေနတယ္” လို႔ ဘန္းစကားသံုးၿပီး ေျပာၾကားလိုက္တာပါ။

ေလးမ်က္ႏွာၿမိဳ႕ နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မင္းသိန္းရဲ႕ ၿမိဳ႕ဝင္ေၾကးေကာက္ခံမႈေတြနဲ႔ ပတ္သက္တဲ့ ေမးခြန္းကို ေနျပည္ေတာ္ေကာင္စီဝင္ ဦးေအာင္ျမင့္ထြန္းက ျပန္လည္ေျဖၾကားၿပီးေနာက္ လႊတ္ေတာ္ ဥကၠ႒က အဲဒီလို ေျပာၾကားလိုက္တာပါ။

အဲဒီလိုေျပာၾကားရာမွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အေနနဲ႔လည္း ထိထိမိမိေမးဖို႔ လိုအပ္သလို ေျဖၾကားသူေတြအေနနဲ႔လည္း လႊတ္ေတာ္မွာ မေရရာ၊ မေသခ်ာတာေတာ့ လာေျဖဖို႔ မသင့္သလို လူၾကားေကာင္းေအာင္ ျဖစ္ေစခ်င္တယ္လို႔လည္း ေျပာၾကား လိုက္တာျဖစ္ပါတယ္။
…………………. ။ ။ ………………..

တိုင်ပတ်နေတဲ့ မေးခွန်းနဲ့ အဖြေတွေ လွှတ်တော်မှာ မလိုလားဟု ဦးဝင်းမြင့်ပြောကြား

တိုင်ပတ်နေတဲ့ မေးခွန်းနဲ့ အဖြေတွေ လွှတ်တော်မှာ မလိုလားဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ “တိုင်ပတ်နေတယ်” လို့ ဘန်းစကားသုံးပြီး ပြောကြားလိုက်တာပါ။

လေးမျက်နှာမြို့ နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းရဲ့ မြို့ဝင်ကြေးကောက်ခံမှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းကို နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ပြန်လည်ဖြေကြားပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက အဲဒီလို ပြောကြားလိုက်တာပါ။

အဲဒီလိုပြောကြားရာမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း ထိထိမိမိမေးဖို့ လိုအပ်သလို ဖြေကြားသူတွေအနေနဲ့လည်း လွှတ်တော်မှာ မရေရာ၊ မသေချာတာတော့ လာဖြေဖို့ မသင့်သလို လူကြားကောင်းအောင် ဖြစ်စေချင်တယ်လို့လည်း ပြောကြား လိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)