
0
2132



……………….. ။ ။ ………………..

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး လှုပ်ရှားမှု မိဘပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ဆော်သြ

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး လှုပ်ရှားမှုကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မိဘပြည်သူတွေနဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲ ကော်မတီက ပန်ကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်တဲ့ ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးတိုက်ပွဲကော်မတီ ကြေညာချက် ထုတ်ပြန် ပန်ကြားလိုက်တာပါ။

အဲဒီပန်ကြားလွှာထဲမှာတော့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ပညာရေးအသုံးစရိတ်တိုးမြှင့်တင်ပေးရေး၊ ကျောင်းအဆောင်တွေ တည်ဆောက်ပေးရေးနဲ့ သင်ထောက်ကူ ပစ္စည်းတွေ လုံလောက်စွာ တိုးမြှင့်ပေးရေးတွေကို ဆက်လက်ဆောင်းဆိုသွားမယ်လို့လည်း ဖော်ပြထားပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)