
0
1871
(သတင်းဓာတ်ပုံ – Narinjara)



………………… ။ ။ ………………..

မြောက်ဦး အကြမ်းဖက်သတ်ဖြတ်မှုနဲ့ ဒေါက်တာအေးမောင် ဖမ်းဆီးမှု မာန်အောင်မှာ ဆန္ဒပြပြီ

မြောက်ဦး အဓိကရုဏ်းအတွင်း အကြမ်းဖက်သတ်ဖြတ်မှုနဲ့ ဒေါက်တာအေးမောင်ကို ဖမ်းဆီးထား တဲ့အပေါ် ကန့်ကွက်ကြောင်း မာန်အောင်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ဒေသခံ ၁၅၀ လောက်က စုပေါင်းပြီး မာန်အောင်မြို့ အဝင်နဲ့ မြို့အထွက်တွေမှာ စုရပ်လုပ်ပြီး မြို့ကိုပတ်ကာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။

အဲ့ဒီလို ဆန္ဒထုတ်ဖော်ရာမှာတော့ မြောက်ဦးအကြမ်းဖက် သတ်ဖြတ်သူများအား အရေးယူပေးရေး၊ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာဝေဟင်အောင် ပြန်လွတ်ပေး ရေးအပါအဝင် ဒီမိုကရေစီအခွင့်အရေး ရရှိရေးစတဲ့ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ကြတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)