
0
2086



………………. ။ ။ ……………….

အဋ္ဌမတန်းက စတင်ပြီး အင်္ဂလိပ်စာ ဘာသာရပ်ကို 4 Skills ပြောင်းဖို့အဆို ရှုံးနိမ့်

အဋ္ဌမတန်းက စတင်ပြီး အင်္ဂလိပ်စာ ဘာသာရပ်ကို 4 Skills (Reading, Writing, Speaking, Listening) ပါဝင်တဲ့ စနစ် ပြုပြင်ပြောင်းလဲသင်ကြားဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတဲ့ အဆို မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၁၁ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေရဲ့ အဆို ရှုံးနိမ့်ခဲ့ တာပါ။ အဲ့ဒီအဆိုနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီက လွှတ်တော်မှာ မှတ်တမ်းအဖြစ်ထားရှိဖို့ တင်ပြရာ အဆိုရှင်အနေဖြင့် မဲခွဲဆုံးဖြတ်ပေးရန် တောင်းဆိုခဲ့တဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မဲခွဲဆုံးဖြတ်ရာမှာ အားကန့်ကွက် မဲ (၁၀၂) မဲ၊ ထောက်ခံမဲ ( ၉၆) မဲ ရရှိခဲ့ပြီး ၆ မဲ အကွာနဲ့ အဆို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)