
0
2138




=========================================

ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို အစိုးရက လုပ်မပေးနိုင်ခဲ့ဟုဆို

ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို အစိုးရက လုပ်မပေးနိုင်ဘူးဆိုတဲ့ ခံစားချက်တွေကို ပြည်ထောင်စု အစိုးရ နဲ့ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အလေးအနက်ထား စဉ်းစားရမယ့် အချက်တွေဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ထောက်ပြဝေဖန်လိုက်ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရခိုင်နိုင်ငံရေးသမားတွေ၊ အငြိမ်းစား ဝန်ထမ်းတွေနဲ့ ရခိုင်ပြည်နယ်ဖွံ့ ဖြိုးရေးအတွက်လုပ်နေတဲ့ ပရဟိတသမားတွေကို တွေ့ဆုံမေးမြန်းအပြီး ရေးသားထားတဲ့ Post မှာ အဲ့ဒီလို ထောက်ပြထားတာပါ။

အဲ့ဒီလို ရေးသားထားရာမှာတော့ ပြည်ထောင်စုအစိုးရ အဆက်ဆက်က ရခိုင်တိုင်းရင်းသားတွေကို ပစ်ပယ်ထားတယ်ဆိုတဲ့ ခံစားချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)