
0
2087





 

မြောက်​ဦးအရေး ဥပ​ဒေအတိုင်​း တိတိကျကျ​ဆောင်​ရွက်​ဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြားထား

မြောက်​ဦးအရေးနဲ့ပတ်သက်ပြီး ဥပ​ဒေအတိုင်​း တိတိကျကျ​ဆောင်​ရွက်​ဖို့ နိုင်ငံတော် အတိုင်​ပင်​ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားထားတယ်လို့ လူမှုဝန်​ထမ်​း၊ ကယ်​ဆယ်​​ရေးနှင်​့ ပြန်​လည်​​နေရာ ချထား​ရေး ဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာဝင်​းမြတ်​​အေးပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေ အပြီး သတင်းမီဒီယာသမားတွေက မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ မြောက်ဦးကိစ္စ ဖြစ်ပွားပြီးပြီးချင်း အစည်းအဝေးကျင်းပပြီး ဥပဒေအတိုင်းဆောင်ရွက်ဖို့ မှာကြားခဲ့ကြောင်း အဲ့ဒီအစည်းအဝေးမှာလည်း ရှေ့နေချုပ်လည်း တက်ရောက်ခဲ့ပြီး ဥပဒေအတိုင်း ဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေမှာလည်း တိုင်ပင်ခံပုဂ္ဂိုလ် မှာကြားထား တဲ့အတိုင်း သက်​ဆိုင်​ရာတာဝန်​ရှိသူ​တွေက ​ဆောင်​ရွက်​နေတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)