
0
2058



……………….. ။ ။ ………………….

ကလောမြို့မှာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,ဝ၀ဝ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် ကလောမြို့မှာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,ဝ၀ဝ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့က မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးက တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေး စခန်းမှာ ခရီးသည်တင် မော်တော်ယာဉ်ကို ရှာဖွေရာစဉ် မနန်းအေးစံ (ခ) မနန်းစိုးစံ (၄၃) နှစ်ဆီက ဖမ်းဆီးရရှိခဲ့တာပါ။

ဒါကြောင့် မနန်းအေးစံ (ခ) မနန်းစိုးစံကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေး ဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)