ထူးကုမၸဏီ သိမ္းဆည္ထားတဲ့ လယ္ေျမ ဧက ၃၀၀ နီးပါးကိစၥ ေဆြးေႏြး

0
2077

ရန္ကုန္တုိင္းေဒသႀကီး ထန္းတစ္ပင္ၿမိဳ႕နယ္မွာ ရန္ကုန္ေက်ာက္မီးေသြးစက္႐ံု တည္ေဆာက္ေရး အတြက္ ထူးကုမၸဏီက သိမ္းဆည္ထားတဲ့ လယ္ေျမ ဧက ၃၀၀ နီးပါး မူလပိုင္ရွင္ေတြကို ျပန္လည္ လုပ္ကိုင္ခြင့္ေပးဖို႔ ေဆြးေႏြးခဲ့ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ထူးကုမၸဏီက တာ၀န္ရွိသူေတြ၊ အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ေျမသိမ္းခံေတာင္သူေတြရဲ႕ ကိုယ္စားလွယ္ေတြကို ဇန္န၀ါရီလ ၂၂ ရက္ေန႔မနက္ပိုင္းက တိုင္းေဒသႀကီး အစိုးရအဖြဲ႔ရံုးမွာ ေခၚယူ ေဆြးေႏြးခဲ့ၾကတာပါ။

ေတာင္သူလယ္သမား ၂၄ ဦးပိုင္ဆိုင္တဲ့ လယ္ေျမဧက ၂၉၇ ကို ရန္ကုန္ေက်ာက္မီးေသြးစက္ရံု တည္ေဆာက္ေရး စီမံကိန္းအတြက္ဆိုၿပီး ထူးကုမၸဏီက သိမ္းဆည္းခဲ့တာျဖစ္ၿပီး အခုအခါမွာေတာ့ မူလေတာင္သူကို လုပ္ကိုင္ခြင့္ ျပန္ေပးဖို႔ ေတာင္သူေတြဘက္က တင္ျပခဲ့တာျဖစ္ပါတယ္။
……………….. ။ ။ …………………

ထူးကုမ္ပဏီ သိမ်းဆည်ထားတဲ့ လယ်မြေ ဧက ၃၀ဝ နီးပါးကိစ္စ ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ထန်းတစ်ပင်မြို့နယ်မှာ ရန်ကုန်ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေး အတွက် ထူးကုမ္ပဏီက သိမ်းဆည်ထားတဲ့ လယ်မြေ ဧက ၃၀ဝ နီးပါး မူလပိုင်ရှင်တွေကို ပြန်လည် လုပ်ကိုင်ခွင့်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထူးကုမ္ပဏီက တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ မြေသိမ်းခံတောင်သူတွေရဲ့ ကိုယ်စားလှယ်တွေကို ဇန်နဝါရီလ ၂၂ ရက်နေ့မနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ခေါ်ယူ ဆွေးနွေးခဲ့ကြတာပါ။

တောင်သူလယ်သမား ၂၄ ဦးပိုင်ဆိုင်တဲ့ လယ်မြေဧက ၂၉၇ ကို ရန်ကုန်ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းအတွက်ဆိုပြီး ထူးကုမ္ပဏီက သိမ်းဆည်းခဲ့တာဖြစ်ပြီး အခုအခါမှာတော့ မူလတောင်သူကို လုပ်ကိုင်ခွင့် ပြန်ပေးဖို့ တောင်သူတွေဘက်က တင်ပြခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)