ဗန်းမော်မှာ စိတ်ကြွရူးသွပ်ဆေးပါး ၂၀၀၀ နီးပါး သိမ်းဆည်းရမိ

0
2087




………………… ။ ။ ………………..

ဗန်းမော်မြို့မှာ စိတ်ကြွရူးသွပ်ဆေးပါး ၂၀ဝ၀ နီးပါး သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ဟန်းတဲရပ်ကွက်မှာ ဗန်းမော်မြို့မ ရဲစခန်း က တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့် ရှာဖွေရာမှာသိမ်းဆည်းရမိခဲ့တာလို့ သတင်းထုတ်ပြန်ချက်ကဆိုတာပါ။

အဲ့ဒီသတင်းထုတ်ပြန်ချက်မှာတော့ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၇၅ ပြားကို လင်းအောင် (၂၈)နှစ်နဲ့ စိုးသူ (၂၇) နှစ်တို့ဆီကနေ လက်ဝယ် သိမ်းဆည်းရမိခဲ့တာပါ။

ဒါကြောင့် သူတို့နှစ်ဦးကို မူးယစ် ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)