
0
2011



……………….. ။ ။ …………………

တနိုင်းမှာ (KIA) ထောင်ထားတဲ့ မိုင်းတွေ ကွဲလို့ လူ ၇ ဦး ဒဏ်ရာရ

တနိုင်းမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထောင်ထားတဲ့ မိုင်းတွေ ကွဲလို့ လူ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့နေဲ့ ၂၀ ရက်နေ့တွေမှာ KIA ထိန်းချုပ်နယ်မြေထဲမှာ ပယင်းတူးဖော်ဖို့ သွားရောက်သူတွေနဲ့ ငါးရှာဖို့ သွားသူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ အဲ့ဒီသတင်းထုတ်ပြန်ချက်ဆိုတာပါ။

လက်ရှိအခြေအနေမှာတော့ မိုင်းပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကို တနိုင်းဆေးရုံကို ပို့ဆောင် ဆေးဝါးကုသပေးနေ တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)