မေနာ သီခ်င္းေတြ အရည္အေသြးမျပည့္မီတဲ့ကိစၥ ျမန္မာျပည္သိန္းတန္ ရွင္းၿပီ

0
2186

မေနာရဲ႕သီခ်င္းေတြက အရည္အေသြးမျပည့္မီလို႔ ျမန္မာ IDOL ၿပိဳင္ပြဲမွာ မေနာရဲ႕ ေတးသီခ်င္းေတြနဲ႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ရင္ ၿပိဳင္ပြဲက ရာသက္ပန္ ထုတ္ပယ္သြားမယ္ဆိုတာဟာ လံုး၀မဟုတ္သလို ဒီကိစၥကို ေျပာလည္းမေျပာ သိလည္းမသိဘူးလို႔ ျမန္မာျပည္သိန္းတန္က MCN TV NEWS ကိုေျပာပါတယ္။

ျမန္မာIDOLမွာဒိုင္လူၾကီးအဖြဲ႕၀င္အျဖစ္ ပါ၀င္တဲ့သူအေနနဲ႔ ၿပိဳင္ပြဲမွာ လာျပိဳင္တဲ့ ကေလးေတြသီခ်င္း ဆုိတာ ေကာင္းမေကာင္းကုိသာ စစ္ေဆးရတာသာျဖစ္ျပီး သီခ်င္းေတြကိုေရြးပိုင္ခြင့္ကန္႔သတ္ပိုင္ခြင့္ လည္းမရွိဘူးလို႔ သူကျပန္လည္တံု႔ျပန္ေျပာၾကားလိုက္တာပါ။

လႈမႈကြန္ရက္မွာ ျပန္႔ႏွံ႔ေနတဲ့ မေနာသီခ်င္းေတြအရည္အေသြး မျပည့္မီလို႔ ျပိဳင္ခြင့္မရွိဘူးဆိုတဲ့ သတင္းတုေတြကို ေရးတဲ့တရားခံကို ရွာၾကဖို႔နဲ႔သူ႔အေနနဲ႔ေတာ့ ေတးခ်စ္သူေတြဟာ ေက်းဇူးရွင္ေတြျဖစ္တဲ့ အတြက္ ဘာမွတံု႔ျပန္သြားမွာ မဟုတ္ဘူးလို႕ဆိုပါတယ္။
………………… ။ ။ ………………..

မနော သီချင်းတွေ အရည်အသွေးမပြည့်မီတဲ့ကိစ္စ မြန်မာပြည်သိန်းတန်ရှင်းပြီ

မနောရဲ့သီချင်းတွေက အရည်အသွေးမပြည့်မီလို့ မြန်မာ IDOL ပြိုင်ပွဲမှာ မနောရဲ့ တေးသီချင်းတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရင် ပြိုင်ပွဲက ရာသက်ပန် ထုတ်ပယ်သွားမယ်ဆိုတာဟာ လုံးဝမဟုတ်သလို ဒီကိစ္စကို ပြောလည်းမပြော သိလည်းမသိဘူးလို့ မြန်မာပြည်သိန်းတန်က MCN TV NEWS ကိုပြောပါတယ်။

မြန်မာIDOLမှာဒိုင်လူကြီးအဖွဲ့ဝင်အဖြစ် ပါဝင်တဲ့သူအနေနဲ့ ပြိုင်ပွဲမှာ လာပြိုင်တဲ့ ကလေးတွေသီချင်း ဆိုတာ ကောင်းမကောင်းကိုသာ စစ်ဆေးရတာသာဖြစ်ပြီး သီချင်းတွေကိုရွေးပိုင်ခွင့်ကန့်သတ်ပိုင်ခွင့် လည်းမရှိဘူးလို့ သူကပြန်လည်တုံ့ပြန်ပြောကြားလိုက်တာပါ။

လှုမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ မနောသီချင်းတွေအရည်အသွေး မပြည့်မီလို့ ပြိုင်ခွင့်မရှိဘူးဆိုတဲ့ သတင်းတုတွေကို ရေးတဲ့တရားခံကို ရှာကြဖို့နဲ့သူ့အနေနဲ့တော့ တေးချစ်သူတွေဟာ ကျေးဇူးရှင်တွေဖြစ်တဲ့ အတွက် ဘာမှတုံ့ပြန်သွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)