တိုင္ၾကားခံရတယ္ဆိုတာ မသိရွိဘူးလို႔ စစ္ကုိင္းတိုင္း ၀န္ႀကီးခ်ဳပ္ေျပာ

0
2064

စစ္ကိုင္းတိုင္းေဒသၾကီး လႊတ္ေတာ္၀န္ထမ္းအိမ္ရာ တည္ေဆာက္မႈအတြက္ ေျမသိမ္းတယ္ဆုိ္ျပီး တုိင္ၾကားခံရတဲ့ကိစၥကို မသိရွိဘူးလို႔ စစ္ကိုင္းတိုင္း၀န္ၾကီးခ်ဳပ္ေဒါက္တာျမင့္ႏုိင္က MCN TV NEWS ကိုေျပာပါတယ္။

ျပီးခဲ့တဲ့အစိုးရလက္ထပ္က စစ္ကုိင္းလႊတ္ေတာ္အတြက္ ေျမဧက ၄၀ ကိုသိမ္းဆည္းခဲ့ျပီး ေတာင္သူေတြ အတြက္ အစားျပန္ေပးတဲ့ေနရာမွာ လႊတ္ေတာ္ ၀န္ထမ္းအိမ္ရာ ေဆာက္ေနတဲ့အတြက္ ၀န္ၾကီးခ်ဳပ္ေျမသိမ္း တယ္ဆိုျပီး မံုရြာၿမိဳ႕အိုးဘိုေထာင္ရပ္ကြက္ေန ျပည္သူ ၁၁ ဦးက လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တိုင္ၾကားစာေကာ္မရွင္ကုိ တိုင္ၾကားထားတယ္လို႔ ျပည္တြင္းသတင္းဌာနတစ္ခုက ေဖာ္ျပထားတာပါ။

၀န္ႀကီးခ်ဳပ္ကို တိုင္ၾကားတာနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ မသိရွိေသးသလို စစ္ကိုင္းတိုင္း လႊတ္ေတာ္မွာ လႊတ္ေတာ္ကို္ယ္စား လွယ္မ်ားတိုင္ၾကားစာေကာ္မရွင္ဆိုတာ မရွိ္ဘူးလို႔ မံုရြာျမိဳ႕မဲဆႏၵနယ္ အမွတ္၂ က ေဒၚေအာင္ၾကည္ကေျပာပါတယ္။
…………………. ။ ။ …………………..

တိုင်ကြားခံရတယ်ဆိုတာ မသိရှိဘူးလို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအတွက် မြေသိမ်းတယ်ဆိ်ုပြီး တိုင်ကြားခံရတဲ့ကိစ္စကို မသိရှိဘူးလို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က MCN TV NEWS ကိုပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထပ်က စစ်ကိုင်းလွှတ်တော်အတွက် မြေဧက ၄၀ ကိုသိမ်းဆည်းခဲ့ပြီး တောင်သူတွေ အတွက် အစားပြန်ပေးတဲ့နေရာမှာ လွှတ်တော်ဝန်ထမ်းအိမ်ရာဆောက်နေတဲ့အတွက် ဝန်ကြီးချုပ်မြေသိမ်း တယ်ဆိုပြီး မုံရွာမြို့အိုးဘိုထောင်ရပ်ကွက်နေ ပြည်သူ ၁၁ ဦးက လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာကော်မရှင်ကို တိုင်ကြားထားတယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုက ဖော်ပြထားတာပါ။

ဝန်ကြီးချုပ်ကို တိုင်ကြားတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မသိရှိသေးသလို စစ်ကိုင်းတိုင်း လွှတ်တော်မှာ လွှတ်တော်ကိ်ုယ်စားလှယ်များတိုင်ကြားစာကော်မရှင်ဆိုတာ မရှိ်ဘူးလို့ မုံရွာမြို့မဲဆန္ဒနယ် အမှတ်၂ က ဒေါ်အောင်ကြည်ကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)