
0
2077



………………… ။ ။ ………………….

Facebook အသုံးပြုနှုန်း ရန်ကုန် အများဆုံးလို့ တယ်လီနောမြန်မာက သတင်းထုတ်ပြန်

တယ်လီနော ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး Facebook အသုံးပြုနှုန်း ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်တယ်လို့ တယ်လီနောမြန်မာက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးထဲမှာ Facebook အသုံးပြုနှုန်း ၃၃ ရာခိုင်နှုန်း ရှိနေပြီး မန္တလေးတိုင်းဒေသကြီးက ၁၇ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသကြီးက ၇ ရာခိုင်နှုန်း အသီးသီးရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒေတာစနစ်နဲ့ သုံးစွဲမှုမှာဆိုရင်လည်း ရန်ကုန်က ၃၄ ရာခိုင်နှုန်းရှိကာ မန္တလေးတိုင်း ဒေသကြီးက ၁၇ ရာခိုင်နှုန်းနဲ့ ရှမ်းပြည်နယ်က ၇ ရာခိုင်နှုန်းလောက် အသုံးပြုသူတွေ ရှိနေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ တယ်လီနော ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုသူ ၁၉ သန်းကျော် ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)