၀င္ေငြခြန္နဲ႔ ကုန္သြယ္ခြန္ အမ်ားဆံုး ထမ္းေဆာင္တဲ့ ကုမၸဏီစာရင္းထုတ္ျပန္

0
2526

၀င္ေငြခြန္နဲ႔ ကုန္သြယ္ခြန္အမ်ားဆံုး ထမ္းေဆာင္တဲ့ ျပည္တြင္း၊ ျပည္ပကုမၸဏီေတြနဲ႔ လုပ္ငန္းရွင္ေတြရဲ႕ အမည္စာရင္းေတြကို အစိုးရက တရား၀င္ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

၂၀၁၆-၂၀၁၇ စည္းၾကပ္ႏွစ္အတြက္ အခြန္းအမ်ားဆံုး ထမ္းေဆာင္သူ လုပ္ငန္းရွင္ေတြရဲ႕ အမည္စာရင္းေတြကို ဇန္န၀ါရီလ ၂၂ ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာေတြမွာ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနက ထုတ္ျပန္လိုက္တာပါ။

အဲဒီ ထုတ္ျပန္ခ်က္မွာေတာ့ ကေမၻာဇဘဏ္ လီမိတက္က က်ပ္ေငြ သန္းေပါင္း ၂ ေသာင္းေက်ာ္ ၀င္ေငြခြန္အမ်ားဆံုးထမ္းေဆာင္ခဲ့ၿပီး Dagon Beverage Co.,Ltd ကလည္း က်ပ္ေငြသန္းေပါင္း ၂ ေသာင္းေက်ာ္နဲ႔ ကုန္သြယ္ခြန္အမ်ားဆံုး ထမ္းေဆာင္တဲ့ လုပ္ငန္းေတြအျဖစ္ ေဖာ္ျပထားပါတယ္။
…………………. ။ ။ ……………………

၀င်ငွေခွန်နဲ့ ကုန်သွယ်ခွန် အများဆုံး ထမ်းဆောင်တဲ့ ကုမ္ပဏီစာရင်းထုတ်ပြန်

ဝင်ငွေခွန်နဲ့ ကုန်သွယ်ခွန်အများဆုံး ထမ်းဆောင်တဲ့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ အမည်စာရင်းတွေကို အစိုးရက တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် အခွန်းအများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင်တွေရဲ့ အမည်စာရင်းတွေကို ဇန်နဝါရီလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်လိုက်တာပါ။

အဲ့ဒီ ထုတ်ပြန်ချက်မှာတော့ ကမ္ဘောဇဘဏ် လီမိတက်က ကျပ်ငွေ သန်းပေါင်း ၂ သောင်းကျော် ဝင်ငွေခွန်အများဆုံးထမ်းဆောင်ခဲ့ပြီး Dagon Beverage Co.,Ltd ကလည်း ကျပ်ငွေသန်းပေါင်း ၂ သောင်းကျော်နဲ့ ကုန်သွယ်ခွန်အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းတွေအဖြစ် ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)