
0
2114



………………… ။ ။ …………………..

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာမယ့် လူတွေကို ကူးစပ်ရောဂါ အဓိက စစ်မယ်

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာမယ့် လူတွေကို ကူးစပ်ရောဂါ ရှိ၊ မရှိ အဓိကထားပြီး စစ်ဆေးသွားဖို့ ရှိနေပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး တောင်ပြိုလက်ဝဲနဲ့ ငါးခူရ လက်ခံရေးစခန်းတွေမှာ ပြန်လည်ဝင်ရောက်လာမယ့် သူတွေကို စစ်ဆေးသွားဖို့ ရှိနေတာလို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောကြားလိုက်တာပါ။

စခန်းတစ်ခုမှာ ဆရာဝန်တစ်ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးကျော် ထားရှိ စစ်ဆေးသွားမှာဖြစ်ပြီး စခန်တစ်ခုကနေ တစ်နေ့ လူ ၁၅၀ လောက်ကို စစ်ဆေးပေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)