စာရေးဆရာတွေ စိတ်စေတနာကောင်းထားကြဖို့ နိုင်ငံတော်သမ္မတ တိုက်တွန်း

0
303

စာရေးဆရာတွေ စိတ်စေတနာကောင်းထားကြမှ ရသစာပေကောင်းတွေ ထွက်ပေါ်လာမယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်န၀ါရီလ (၂၂) ရက်နေ့၊ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာကျင်းပပြုလုပ်တဲ့ နိုဘယ် – မြန်မာ စာပေပွဲတော် ၂၀၁၇ ဖွင့်ပွဲ အခမ်းအနား အဖွင့် မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတက ပြောကြားလိုက်တာပါ။

ဒါအပြင် စိတ်ကူးဥာဏ်နဲ့ ဖန်တီးနိုင်စွမ်းကလည်း အလွန်အရေးကြီးပါ ကြောင်းနဲ့ စာပေလွတ်လပ်ခွင့်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မည်သူတစ်ဦး တစ်ယောက်ကိုမှ မထိခိုက်စေတဲ့ လူတစ်ဦး ချင်းစီရဲ့ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ စိတ်ကူးခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တို့ ရှိဖို့ကလည်း အရေးအပါဆုံးဖြစ်တယ်လို့လည်း နိုင်ငံတော် သမ္မတက ပြောကြားထားတာပါ။

မြန်မာနိုင်ငံမှာ နိုဘယ် – မြန်မာ စာပေပွဲတော်ကို ၂၀၀၅ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး နှစ်စဉ် ခေါင်းစဉ်တွေအလိုက်ကျင်းပခဲ့ရာမှာ ၂၀၁၇ ခုနှစ် တတိယအကြိမ်မှာတော့ ရသစာပေ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)