နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးသန့်နေအိမ်ပြတိုက်ကို ကြည့်ရှု့လေ့လာ

0
294

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်နေအိမ်ပြ တိုက်ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။

ဇန်န၀ါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက နိုင်ငံတော်သမ္မတနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ပါဝင်တဲ့ အဖွဲ့ဟာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပန်းဝါလမ်းက အမှတ် ၃၁ ရှိ ဦးသန့်နေအိမ်ပြ တိုက်ကို သွားရောက် ကြည့်ရှု့လေ့လာခဲ့တာပါ။

အဲ့ဒီလို လေ့လာရာမှာတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက လိုက်လံရှင်းလင်း ပြသခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ အဖွဲ့ဟာ ဦးသန့်နေအိမ်ပြတိုက်ထဲမှာ ခင်းကျင်းပြသ ထားတဲ့ ဦးသန့်ရဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ ပြည်သူ့ ၀န်ထမ်း၊ ကျောင်းဆရာနဲ့ စာရေးဆရာဘ၀ အတွေ့အကြုံ မှတ်တမ်းတွေ လေ့လာခဲ့ကြတာပါ။

ဒါအပြင် လွတ်လပ်ရေး ရပြီးအစောပိုင်း ကာလတွေက မြန်မာနိုင်ငံအကြောင်းက စတင်ကာ ကျူးဘားနဲ့ ဗီယက်နမ် စစ်ပွဲအကြောင်းတွေကို စုံလင်စွာထင်ဟပ်ပေါ်လွင်စေတဲ့ ဓာတ်ပုံမှတ်တမ်းတွေ၊ စစ်အေးတိုက်ပွဲ အကြောင်းကို ခင်းကျင်းပြသထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ စာအုပ်တွေ၊ ဦးသန့်ကိုယ်ပိုင် စာတမ်းတွေ၊ ရှားပါးဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ သမိုင်းဝင် မိန့်ခွန်းမှတ်တမ်းတွေကိုလည်း ကြည့်ရှုလေ့လာ ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ နိုင်ငံတော်သမ္မတက ဒေါက်တာသန့်မြင့်ဦးကို အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သလို ဒေါက်တာသန့်မြင့်ဦးကလည်း သူရေးသားထားတဲ့ စာအုပ်တွေကို အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့တာပါ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဘ၀နဲ့ လုပ်ဆောင်ချက်တွေကို အများ ပြည်သူတွေ လေ့လာနိုင်ဖို့ ပြခန်းကို သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တွေမှာ နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပြသလျှက် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)