ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး မျက်ကွယ်ပြုနေရင် လူထုလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်

0
287

ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး မျက်ကွယ်ပြုနေရင် လူထုလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ ကဗျာဆရာ မောင်ဆောင်းခက ပြောကြားလိုက်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုရင်ခဲ့ရတဲ့ ကဗျာဆရာမောင်ဆောင်းခက ဇန်နဝါရီလ(၂၂) ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့မှာ ပြုလုပ်တဲ့ ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လူထုလှုပ်ရှားမှုမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဆက်သွယ်ရေးဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးရေးကိစ္စကို ဇန်နဝါရီလကုန်မှာ ပြည်ထောင်စုအစိုးရအပါအဝင် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို တင်ပြသွားဖို့ရှိနေပြီး အစိုးရဖက်က ဒီဆက်သွယ်ရေးဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးရေးကိစ္စကို မျက်ကွယ်ပြုနေမယ်ဆိုရင်တော့ လူထုလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ ကဗျာဆရာမောင်ဆောင်းခ ပြောပါတယ်။

အဲ့ဒီ ဆက်သွယ်ရေးဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လူထုလှုပ်ရှားမှုပွဲကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ဥပဒေပညာရှင်တွေနဲ့ ဝန်းရံပြည်သူ (၁၅၀) နီးပါး ပါဝင် ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)