ဖားကန့်ဒေသက ဆရာအောင်ဇင်ထွန်းရဲ့ ဈာပန ဒေသခံ ၅၀၀၀ ကျော် လိုက်ပါပို့ဆောင်

0
378

သတ်ဖြတ်ခံရတဲ့ ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စု၊ နမ္မဖြစ် ကျေးရွာက အလယ်တန်းပြဆရာ ဆရာအောင်ဇင်ထွန်းရဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့က ဈာပနကို ဖားကန့်မြို့ခံ ၅၀၀၀ ကျော် လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

ဆရာ ကိုအောင်ဇင်ထွန်းရဲ့ ဈာပနကို ဖားကန့်မြို့နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၁၂၀ ကျော်က ဆရာ/ဆရာမ တစ်ထောင်ကျော်၊ ဒေသခံ ပြည်သူတွေ၊ အရပ်ဘက် လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ကာမိုင်း၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်းအစရှိတဲ့ မြို့တွေက ပညာရေးဝန်ထမ်း ကျောင်းဆရာ/ဆရာမတွေ အပါအ၀င် စုစုပေါင်း အင်အား (၅၀၀၀) ခန့် လိုက်ပါပို့ဆောင်ခဲ့ကြတာပါ။

ဓာတ်ပုံ – ဇော်မိုးထက် (ဖားကန့်)

ဒါအပြင် ကိုအောင်ဇင်ထွန်း ဈာပနကို နယ်မြေခံ တပ်မတော် တပ်ရင်းအပါအ၀င် မြို့နယ် ရဲတပ်ဖွဲ့က ရဲအထူးတိုက်ခိုက်ရေးရဲတပ်ဖွဲ့ဝင်တွေ မီးသတ်တပ်ဖွဲ့ဝင်တွေကပါ လိုက်ပါပို့ဆောင် လုံခြုံရေး ရယူပေးခဲ့ကြတာဖြစ်ပါတယ်။

အလယ်တန်းပြ ကျောင်းဆရာ ကိုအောင်ဇင်ထွန်း (၂၇) နှစ်ကို ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းတွင် ဇန်န၀ါရီလ ၁၈ ရက်နေ့ မနက် ၈:၄၅ ချိန်မှာ အမည်မသိ သေနတ်သမားတွေက လာရောက်ခေါ်ဆောင်သွားပြီး နားထင်ကို သေနတ်ဖြင့် ပစ်သတ်တာ ခံခဲ့ရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)