၂၀၁၇ နိုဘယ် – မြန်မာ စာပေပွဲတော်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ဖွင့်လှစ်

0
389

၂၀၁၇ ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ နိုဘယ် – မြန်မာ စာပေပွဲတော်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ဖွင့်လှစ် ပေးလိုက်ပါတယ်။

ဇန်န၀ါရီလ (၂၂) ရက်နေ့က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပ ၂၀၁၇ နိုဘယ် – မြန်မာ စာပေပွဲတော်ကို ဖွင့်လှစ်ပေးခဲ့တာပါ။

နိုဘယ် – မြန်မာ စာပေပွဲတော်ကို ဇန်န၀ါရီလ ၂၂ ၊ ၂၃ နဲ့ ၂၄ ရက်နေ့အထိ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဒီနှစ်အတွက် နိုဘယ် – မြန်မာစာပေပွဲတော်ကို ရသစာပေဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ် ကျင်းပပြုလုပ်နေတာပါ။

နိုဘယ်လ်-မြန်မာ စာပေပွဲတော်မှာတော့ ဖြစ်မြောက်ရေးကော်မတီက ရွေးချယ်ထားတဲ့ ရသစာပေ စာအုပ် ၁၀၀ ရဲ့ စာရေးဆရာတွေနဲ့ စာအုပ်ဓာတ်ပုံတွေ၊ နိုင်ငံတကာ စာပေအဖွဲ့အစည်းတွေနဲ့ စာအုပ်တိုက်တွေကှ ရွေးချယ်ထားတဲ့ ရသစာပေ မူရင်း စာအုပ်တွေနဲ့အတူ စာရေးဆရာတွေရဲ့ ဓာတ်ပုံတွေကို ခင်းကျင်း ပြသ ထားတာပါ။

အမျိုးသားကဇာတ်ရုံပြင်ပမှာတော့ စာအုပ်ဆိုင်ပေါင်း ၁၅၀ ခန့်က စာအုပ်များကို ခင်းကျင်း ရောင်းချနေကြတာ ဖြစ်သလို ရသစာပေပွဲတော် အထိမ်းအမှတ် စာအုပ် ၁၀၀ ကိုလည်း စီစဉ်ရောင်းချ နေကြတာပါ။ အလားတူ ဂန္ထ၀င် စာအုပ်အဟောင်းတွေ၊ ရှားပါး စာအုပ်တွေကိုလည်း ဇာတ်ရုံပြင်ပ စာအုပ်တိုက်တွေက ရောင်းချပေးနေကြတာဖြစ်ပါတယ်။

ကာတွန်းဆရာတွေကလည်း စာပေပွဲတော်ရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ရေးဆွဲထားတဲ့ ကာတွန်းတွေကို ခင်းကျင်းပြသထားကြတာပါ။

ဇာတ်ရုံပြင်ပမှာလည်း ကဗျာဆရာ ဆရာမတွေက ကဗျာရွတ်ဆိုမှုများ ပြုလုပ်ကြမှာဖြစ်သလို ရသဖန်တီးသူ စာရေးဆရာ၊ ဆရာမတွေကလည်း ရသစာဖတ်ဝိုင်း၊ ရေးသူ ဖတ်သူ ဆွေးနွေးပွဲတွေ စာအုပ်မိတ်ဆက်ပွဲတွေကိုလည်း တင်ဆက်နေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)