ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဖုံးကွယ်ထားတာ တစ်ခုမှမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

0
232

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပြီး ဖုံးကွယ်ထားတဲ့ ကိစ္စ တစ်ခုမှမရှိဘူးလို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

myanmar

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ ဂျပန်ဧကရာဇ်နဲ့မိဖုရား၊ ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် တိုကျိုမြို့က National Press Club မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ငါးရက်ကြာ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ်ရဲ့ စတုတ္ထမြောက်နေ့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေရဲ့ အကြောင်းရင်းမြစ်ကို သိရဖို့ ကြိုးပမ်းနေပြီး စုံစမ်းမှုမပြီးခင်တော့ ခိုင်လုံတဲ့အထောက်အထားတွေ မရရှိသေးတဲ့အတွက် ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ၊ ဘယ်အဖွဲ့အစည်းကိုမှ စွပ်စွဲမှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။