ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်သံအမတ်ကြီး ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆွေးနွေး

0
287

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်ဒရူးပက်ထရစ်တို့ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

statecounsellor

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဗြိတိန်သံအမတ်ကြီးနဲ့ နေပြည်တော်မှာ နေ့လယ် ၂ နာရီက တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် နံနက် ၁၀ နာရီမှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

statecounsellor2

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်သံအမတ်ကြီးတို့ တွေ့ဆုံရာမှာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အမြင်တွေနဲ့ မြန်မာ-ဗြိတိန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)