ရပ်ရွာအခြေပြု ရဲလုပ်ငန်းစီမံချက်ကို အရှိန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရဲမှူးချုပ်ပြော

0
289

တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် ရပ်ရွာအခြေပြု ရဲလုပ်ငန်းစီမံချက်ကို အရှိန် မြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားလိုက်ပါတယ်။

15645343_1035696286557385_1826152812_n

ဒီဇင်ဘာ၂၀ ရက်နေ့ကပြုလုပ်တဲ့ ရဲလုပ်ငန်းဆောင်ရွက်မှုတွေအပေါ် သုံးသပ်ညှိနှိုင်း အစည်းအဝေးမှာ အခု လိုပြောကြားလိုက်တာပါ။ ဒါ့အပြင် စီမံချက်ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ဝင်အင်အား အခြေအနေအရ နယ်မြေအားလုံးကို စိုးမိုးထားနိုင်ဖို့ မလွယ်ကူတာကြောင့် ပြည်သူတွေ ပူးပေါင်းပါဝင်လာ
စေရေးအတွက် အုပ်ချုပ်ရေးမှူးတွေ ရပ်မိရပ်တွေက စည်းရုံးဆောင်ရွက်ပေးစေလိုကြောင်း၊ နယ်မြေခံပြည်သူတွေ စိတ်ရောကိုယ်ပါ ပူးပေါင်း ဆောင်ရွက်မှသာ ရလဒ်ကောင်းတွေကို အစဉ်ထိန်းသိမ်းနိုင်မှာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ မှုခင်း ကျဆင်းရေးအတွက် ရပ်ရွာအခြေပြု ရဲလုပ်ငန်းစီမံချက်ကို အရှိန် မြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရပ်ရွာနေပြည်သူအခြေပြု ရဲလုပ်ငန်းစနစ် Community Based Policing စီမံချက်ကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်ပြီး ကနဦး လေးမြို့နယ်အဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ကမာရွတ်၊ သန်လျင်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းတွေရရှိခဲ့တာကြောင့် မြို့နယ် ၂ဝ အထိ ထပ်မံ တိုးမြှင့်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)