အဆိုတွေ၊ မေးခွန်းတွေကို နိုင်ငံတော်နဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိအောင် ဆောင်ရွက် ခဲ့တယ်လို့ ဦးဝင်းမြင့်ပြော

0
374

လွှတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းခဲ့တဲ့မေးခွန်းတွေ၊ တင်သွင်းခဲ့တဲ့အဆိုတွေကို နိုင်ငံတော်နဲ့ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိအောင် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

15542079_1264304786977668_2466197752911856876_n

ဒီဇင်ဘာလ ၂၁ ရက်နေ့ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဦးဝင်းမြင့်က အဲဒီလိုပြောဆို လိုက်တာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စိတ် ကောင်းစေတနာကောင်းတွေနဲ့ အဆိုတွေ မေးခွန်းတွေကို တင်ပြခဲ့ကြပေမယ့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတစ်ဦး အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစား ပေးပြီးဆောင်ရွက်ခဲ့တယ်လို့ ဦးဝင်းမြင့်က ပြောဆိုခဲ့တာပါ။

လွှတ်တော်ရဲ့အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးကိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ညီညွတ်ခြင်းရှိ မရှိ သတိပြုဖို့လည်း လို အပ်တယ်လို့ ပြောဆိုခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)