လွှတ်တော် နေ့တစ်ဝက် ကျင်းပတာ အဆောင်ပြန်နားဖို့ မဟုတ်ဘူးလို့ ဦးဝင်းမြင့်ပြော

0
295

လွှတ်တော်အစည်းအဝေးတွေကို နေ့တစ်ဝက်ကျင်းပတာဟာ စည်ပင်ရိပ်သာကို ပြန်ဖို့မဟုတ်ဘဲ လွှတ်တော် ကော်မတီတွေ အလုပ်လုပ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

hqdefault

ဒီဇင်ဘာလ ၂၁ ရက်နေ့ ဒီကနေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းမြင့်က အဲဒီလိုပြောဆို လိုက်တာဖြစ်ပါတယ်။ လွှတ်တော်ကော်မတီတွေ အနေနဲ့ အဲဒီနေ့တစ်ဝက်အချိန်အတွင်း ပြည်သူတွေဆီက ပေးပို့လာတဲ့ သနားခံစာတွေ၊ တိုင်ကြားစာတွေ၊ မေတ္တာရပ်ခံစာတွေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ရင် လူတွေ့ခေါ်ယူကြားနာစစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်သလို လိုအပ်ရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ဆက်သွယ်ဖို့လုပ်ရ မှာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ပြည်သူတွေရဲ့စာတွေကို ပြန်ကြားဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီလို ပြန်ကြားရာမှာလည်း စာမှတ်ပုံတင်ခတွေကို လွှတ်တော်ကိုယ်စားတွေရဲ့ နေ့တွက်စရိတ်ထဲက အကုန်အကျခံပြီး ပြုလုပ်ရမှာကာ ပြည်သူ့လွှတ်တော်ကို အဲဒီအတွက် စားရိတ်တင်ပြတောင်းခံခြင်းမရှိဖို့လည်း ညွှန်ကြားထားတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)