မြန်မာရွှေ့ပြောင်းလုပ်သားကို သတ်ဖြတ်ခဲ့တဲ့ ထိုင်းတရားခံပြေးကို မော်လမြိုင်မှာ ဖမ်းမိ

0
328

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို သတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့ အမှုမှာ ပါဝင်တဲ့ တရားခံပြေး ထိုင်း ဆရာဝန်ဟောင်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က မော်လမြိုင်မှာ ဖမ်းမိခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

thai

အဲဒီထိုင်းတရားခံပြေး ဖဲ့စူဖတ်ဟာ သူ့ရဲ့သားနှစ်ဦးနဲ့အတူ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ အရေးယူခံထားရတာဖြစ်ပြီး ၂၀၁၅ မေ ၁ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။

အဲဒီနောက် ထိုင်းတရားရုံးက သေဒဏ် မျက်ကွယ်စီရင်ချက် အဖြစ် ဖဲ့စူဖတ်နဲ့ သားတစ်ဦးဖြစ်တဲ့ အာကီကို သေဒဏ်ချမှတ်ပြီး ကျန်သားတစ်ယောက် အကာရာကိုတော့ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ်။

thai3

ဖဲ့စူဖတ်ဟာ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းပြီးနောက်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

ဖဲ့စူဖတ်ဟာ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့အထွေထွေဆေးရုံက ဆရာဝန်ဟောင်းတစ်ဦးဖြစ်ပြီး တခြားအမှုတွေမှာလည်း ပါဝင်ပတ်သက်မှု ရှိသူဖြစ်ပါတယ်။

thai2

၂၀၁၂ ခုနှစ်က ဖက်ချဘူရီပြည်နယ်က နာနတ်သီးစိုက်ပျိုးရေးခြံပိုင်ရှင်ရဲ့ သားနဲ့ချွေးမတို့ပျောက်ဆုံးခဲ့ သူတို့ရဲ့ကားကို ဖဲ့စူဖတ်ရဲ့ အိမ်မှာပြန်တွေ့ကြောင်း တိုင်ကြားမှုရှိလို့ ရဲတပ်ဖွဲ့က သူ့ရဲ့ အိမ်နဲ့ ဘန်ကောက်က ဆေးခန်းကို ဝင်ရှာရာမှာ လက်နက်နဲ့ ဗုံးတွေ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် စူဖတ်ရဲ့ ခြံထဲမှာ တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ကြောင်းနဲ့ မြန်မာလုပ်သားတစ်ယောက်ကို သတ်ဖြတ်မမြှုပ်ဖျော်ကဖျက်ခဲ့ကြောင်းတွေ့ရှိခဲ့သလို ခြံအတွင်းထဲက လူအရိုးစု သုံးခုကိုလည်း တွေ့ရှိခဲ့ပါတယ်။

စူဖတ်ဟာ လူသတ်မှု၊ လူကုန်ကူးမှု၊ ခိုးမှု၊ သေဆုံး အလုပ်သမားကို အလောင်းဖျောက်မှုတို့နဲ့ တရားစွဲခံရပေမဲ့ ဘတ် သုံးသန်းနဲ့ အာမခံရပြီးနောက်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)