ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြေငလျင်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းမယ်

0
271

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု နည်းပါးစေဖို့နဲ့ သဘာဝဘေး တန်ပြန်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မြေငလျင်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။

_90916866_dc4263df-e682-4877-bdfc-f5e863aa2518

အဲဒီကော်မတီဟာ ငလျင်နဲ့ ငလျင်မလှုပ်ခတ်မီ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ၊ သဘာဝဘေး တန်ပြန်လုပ်ငန်းတွေ စီမံကိန်းချထားမှုနဲ့ အရေးပေါ် ကျန်းမာရေး ပြင်ဆင်မှု၊ ပြန်လည်ထူထောင်မှုနဲ့ ပြန်လည် တည်ဆောက်မှုတို့ကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် ရန်ကုန်မြို့တွင်းက အဆောက်အဦးတွေကိုလည်း ငလျင်ဒဏ် ခုခံနိုင်စွမ်းရှိမရှိ စမ်းသပ်တဲ့ နည်းပညာအဖွဲ့ကိုလည်း
ဖွဲ့စည်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဟာ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ၂၁ မိုင်ကျော်သာ ဝေးပြီး စစ်ကိုင်းပြတ်ရွေ့ကြော လှုပ်ခတ်လာရင် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။

ဒါ့အပြင် မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနဲ့ ပဲခူးမြို့တွေဟာလည်း စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာ ရှိနေတဲ့ မြို့တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း ပြင်းအား ၇ ရစ်ခ်ျတာစကေးနဲ့အထက်ရှိတဲ့ ငလျင် ၁၅ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)