ဖ်ာပံုမွာ မီးေလာင္၊ ေနအိမ္တစ္လံုး ဆံုး႐ံႈး

0
446

ဧရာဝတီတိုင္း၊ ဖ်ာပံုၿမိဳ႕နယ္၊ အမွတ္ (၂) ရပ္ကြက္ အေနာ္မာလမ္းမွာ ဒီေန႔ ႏိုဝင္ဘာ ၂၁ မနက္ပိုင္းက လွ်ပ္စစ္မီးသီး အပူလြန္ကဲရာကေန မီးေလာင္ခဲ့ပါတယ္။

ဦးက်င္စြမ္း (ခ) ဦးလွထြန္း (၈၁ ႏွစ္) ပိုင္ဆိုင္တဲ့ ႏွစ္ထပ္တိုက္ အေပၚထပ္ ဘုရားစင္ကေန လွ်ပ္စစ္မီးသီး အပူလြန္ကဲၿပီး မနက္ ၁၀ နာရီ ၁၅ မိနစ္မွာ မီးစတင္ ေလာင္ကြ်မ္းတာ ျဖစ္ပါတယ္။ မီးသတ္တပ္ဖြဲ႔နဲ႔ ရပ္ကြက္က ဝိုင္းဝန္းၿငိမ္းသတ္လို႔ ၁၀ နာရီ ၅၀ မိနစ္မွာ မီးၿငိမ္းသြားပါတယ္။

ႏွစ္ထပ္တိုက္နဲ႔ အတြင္းပရိေဘာဂ ပစၥည္းအားလံုး မီးေလာင္ကြ်မ္းဆံုး႐ံႈးခဲ့ပါတယ္။ မီးေပါ့ဆသူ ဦးက်င္စြမ္းကို ဖ်ာပံုၿမိဳ႕မရဲစခန္းက အမႈဖြင့္ထားပါတယ္။
………………… ။ ။ …………………..
ဖျာပုံမှာ မီးလောင်၊ နေအိမ်တစ်လုံး ဆုံးရှုံး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမှတ် (၂) ရပ်ကွက် အနော်မာလမ်းမှာ ဒီနေ့ နိုဝင်ဘာ ၂၁ မနက်ပိုင်းက လျှပ်စစ်မီးသီး အပူလွန်ကဲရာကနေ မီးလောင်ခဲ့ပါတယ်။

ဦးကျင်စွမ်း (ခ) ဦးလှထွန်း (၈၁ နှစ်) ပိုင်ဆိုင်တဲ့ နှစ်ထပ်တိုက် အပေါ်ထပ် ဘုရားစင်ကနေ လျှပ်စစ်မီးသီး အပူလွန်ကဲပြီး မနက် ၁၀ နာရီ ၁၅ မိနစ်မှာ မီးစတင် လောင်ကျွမ်းတာ ဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်က ဝိုင်းဝန်းငြိမ်းသတ်လို့ ၁၀ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

နှစ်ထပ်တိုက်နဲ့ အတွင်းပရိဘောဂ ပစ္စည်းအားလုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပါတယ်။ မီးပေါ့ဆသူ ဦးကျင်စွမ်းကို ဖျာပုံမြို့မရဲစခန်းက အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)